“သင့်ကိုယ်သင်တန်ဖိုးထားစေဖို့အတွက် တစ်နေ့မှာ တစ်ခါလောက်တော့ ပြောသင့်တဲ့စကားများ’’

blank

ငါ့ဘဝမှာ တန်ဖိုးအရှိဆုံးလူကတော့ ငါကိုယ်တိုင်ပါပဲ။

ငါ့ရဲ့အလှတရားကို ငါအသိအမှတ်ပြုတယ်။ ငါ့ရုပ်ရည်နဲ့ ငါ့ကိုယ်ခန္ဓာကို ချစ်မြတ်နိုးတယ်။

ငါ့ကိုယ်ငါ ခြွင်းချက်မရှိအောင်ကို ချစ်မြတ်နိုးတယ်။

ငါဟာအကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။

ငါဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုရေးတွေမှာ လိုက်လျောညီထွေမှုရှိတယ်။

ငါ့မှာ မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေ အများကြီးရှိတယ်။

ငါ့ရဲ့ အိပ်မက်တွေကို အကောင်အတည်ဖော်ဆောင်ရွက်နိုင်တယ်။

ငါ့မှာ ငါဖြစ်ချင်တဲ့အရာတွေကို ဖြစ်အောင်ပုံဖော်ဖို့  စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေရှိတယ်။

ငါသာ သေချာအာရုံစိုက်ပြီးတော့ ကြိုးစားမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားပြီး အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

နေ့သစ်တိုင်းဟာ ငါ့အတွက် သဘာဝကပေးတဲ့ လက်ဆောင်လို့ မှတ်ယူထားတယ်။ အနာဂတ်ကို ဘယ်လိုရှေ့ဆက်ရမလဲနဲ့ အတိတ်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာပဲ ငါတွေးတယ်။

ငါ့ကို လူတွေက လေးစားမှုရှိကြဖို့ ငါ့ကိုယ်ငါ ပိုပြီး လေးစားမှုရှိရမယ်။

ငါ့ရဲ့အတွေးအမြင်တိုင်းဟာ တန်ဖိုးရှိတယ်။

ကိုယ့်ကိုယ်ကိုယ်ကော၊ ကိုယ့်ဆုံးဖြတ်ချက်အတွက်ကော ကျေနပ်နေမိတယ်။

ငါ့ကိုယ်ငါ အရမ်းချစ်ပြီးတော့ အရမ်းလေးစားတယ်။

သင်ကော… သင့်ကိုယ်သင်ပြောချင်တဲ့စကားလေးတွေရှိလား။ Comment box မှာ မျှဝေပေးခဲ့ပါဦး။