ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ မိန်းကလေးတိုင်းဖတ်ဖို့..

blank
ကောင်မလေးရေ…။

ယောက်ျားတစ်ယောက်က မင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းသူ့အနောက်ကို တကောက်ကောက် လိုက်နေစရာမလိုဘဲ မင်းဘေးနားမှာပါလာလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်အပေါ်ကို တကယ်နှစ်နှစ်ကာကာ မြတ်နိုးတဲ့လူတစ်ယောက်ကို မပိုင်ဆိုင်ချင်ဘူးဆိုမှ အချစ်ရေးအတွက် ခြေလှမ်းကို ကိုယ်ကစလှမ်းပါ။ ကိုယ့်ကိုစိတ်မဝင်စားတဲ့ ယောက်ျားတစ်ယောက်ကို ရေလာမြောင်းပေးလုပ်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကောင်မလေးရေ…။

ကိုယ်တကယ်ပြောတာပါ။ ယောက်ျားတွေကလေ သူတို့ချစ်တဲ့သူတွေကို ဖုန်းဆက်ဖို့၊ မက်ဆေ့ဂ်ျပို့ဖို့၊ အပြင်မှာတွေဖို့၊ အနာဂတ်အတွက် အစီအစဉ်တွေချမှတ်ဖို့ စိတ်ဝင်စားကြပါတယ်။ သူသာမင်းကို တကယ်ချစ်တယ်ဆိုရင် မင်းက သူ့အနောက်ကို လိုက်စရာမလို၊ ဂရုစိုက်မှုတွေကို တောင်းခံနေစရာမလို၊ သူ့ဘဝမှာနေရာပေးဖို့ တောင်းခံစရာမလိုဘဲ မင်းနဲ့ထိုက်တန်တဲ့အရာတိုင်းကို သူကိုယ်တိုင်ရအောင်ပေးမှာပါ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်ဆိုရင် သူ့အနောက်ကိုပြေးလိုက်နေတာတွေ ရပ်လိုက်ပါတော့ ကောင်မလေး။