ဘယ်လောက်ခင်နေနေ ဒီအမူအကျင့်တွေကို လက်မခံပါနဲ့။  

blank
၁။ အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမှုတွေထဲ သင့်ကို ဆွဲသွင်းတာ။

အဖြေလိုချင်လို့မဟုတ်ဘဲ သူတို့စိတ်ထဲမှာ ယုံကြည်လက်ခံတဲ့အဖြေရှိနှင့်ပြီးသားကိစ္စတစ်ခုအတွက် ပြိုင်ငြင်းနေရတာဟာ သင့်အချိန်တွေကို အလဟဿဖြုန်းတီးရာကျပါတယ်။

၂။ သင့်အတိတ်ကို ပြန်ပြောပြီး အရှက်ခွဲတာ။

အတိတ်က သင့်ကျရှုံးမှုတွေ၊ သင့်အမှားတွေအကြောင်း သတိပေးဖို့ အမြဲအဆင်သင့်ဖြစ်နေသူတွေ ရှိ တတ်ပါတယ်။ အဲ့ဒီလူတွေကို လက်ခံခွင့်ပြုထားတာဟာ သင့်ပျော်ရွှင်မှုကို ထိခိုက်စေပါတယ်။ လူတိုင်းမှာကိုယ် ပိုင်လျှို့ဝှက်ချက်တွေ၊ အတိတ်က အဖြစ်တွေဆိုတာ ရှိတတ်ကြတာမို့ သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ သင့်ကိုလိမ်ညာလှည့်စားတာ။

တစ်ယောက်ယောက်ရဲ့လိမ်ညာမှုကို မသိယောင်ဆောင်ပေးနေလေလေ သင့်ရဲ့ရိုးသားမှုကို အစား ထိုးဖို့ ပိုမြန်လေပါပဲ။ ဒါကြောင့် တစ်ယောက်ယောက်လိမ်ညာနေတာကိုသိရင် နှုတ်ဆိတ်မနေပါနဲ့။ သင့်သည်း ခံမှုက အခြေအနေကို ပိုဆိုးသွားစေပြီး လိမ်ညာသူကို ထပ်တလဲလဲညာအောင် ပြုလုပ်ရာကျပါတယ်။

၎။ အပြောင်းအလဲတွေက မကောင်းဘူးလို့ သင့်ကို ယုံကြည်စေတာ။

ပြောင်းလဲရမှာ ကြောက်တဲ့သူတွေရှိပါတယ်။ သူတို့တွေဟာ ရှေ့ဆက်မသွားချင်ကြဘူး။ အသစ်အ ဆန်းတွေကို ကြောက်ကြပါတယ်။ သင့်ဘဝထဲ သူတို့တွေရဲ့လွှမ်းမိုးမှုကို လက်မခံသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘဝရဲ့ပိုကောင်းတဲ့အကျိုးကျေးဇူးတွေဆိုတာ ပြောင်းလဲမှုကိုလက်ခံမှရယူနိုင်တာမို့ပါ။

၅။ သင့်ရဲ့အနှစ်သက်ဆုံးဝါသနာတွေကို စွန့်လွှတ်စေတာ။

သင်ပျော်ရွှင်ရာကို ပြုလုပ်ဖို့အချိန်ဟာ သင့်ဘဝအတွက် တကယ်ပဲ အရေးကြီးလှပါတယ်။ သင့်ကိုပျော် ရွှင်စေပြုံးရယ်စေပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်လည်း ရှိနေတဲ့ ဝါသနာမျိုးဆိုရင် သင်နဲ့ သင့်ပျော်ရွှင်မှု ကြားမှာ ဘယ်သူ့ကိုမှ ဝင်ရပ်ခွင့်မပြုလိုက်ပါနဲ့။

၆။ သင့်မှာ လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ ယုံကြည်စေတာ။

သင်ပိုင်ဆိုင်ထားတဲ့အရာတွေကို ကျေးဇူးတင်တတ်ဖို့က တကယ်ပဲ အရေးကြီးပါတယ်။ သင့်ကိုယ်သင် မဖြစ်နိုင်တဲ့အရာတွေ တောင်းဆိုတာ၊ တခြားသူတွေကို တောင်းဆိုခွင့်ပြုထားတာတွေဟာ ရေရှည်မှာ သင့်ကို စိတ်ဓာတ်ကျလာစေပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် သင်ပိုင်ဆိုင်ထားတဲ့အရာတွေကို တန် ဖိုးထားပါ။

သင်ကော ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။