တန်ဖိုးရှိလွန်းလှတဲ့ ဒီနေ့။

blank

ဒီနေ့ မနက်ခင်းမှာ နေထွက်လာတာကို  မြင်နိုင်ခဲ့တယ်။

ဒီတစ်နေ့ရဲ့နေ့သစ်စတင်ဖို့အတွက် လေကောင်းလေသန့်တွေလည်း ရှုရှိုက်ပြီးပြီ။

ဒီနေ့တစ်နေ့တာလေးမှာ အသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းလက်ဆောင်တစ်ခုပါပဲ။

မနေ့က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို  မေ့ထားလိုက်ပြီ။

မနေ့ကဆိုတာ အတိတ်ဖြစ်သွားတာမို့ ဖြစ်ခဲ့တာတွေကို ပြောင်းလဲလို့ မရဘူးလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် ဒီတစ်နေ့တာရဲ့ လက်ရှိအချိန်ကိုပဲ  ပိုတန်ဖိုးထားရဦးမယ်။

ဒီတစ်နေ့တာအတွက် အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းရင်း အသက်ရှင်မယ်။

ဘဝမှာ ရှင်သန်နေသေးသရွေ့

ရင်ဆိုင်ရမယ့် မနက်ဖြန်များစွာ ရှိသေးတာမို့

ဒီလက်ရှိအချိန်ကာလလေးမှာ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမယ်။

ဒီနေ့က အကောင်းဆုံးအချိန်မို့ ကျန်တဲ့သူတွေလည်း တန်ဖိုးထားစေချင်တယ်။