သင့်အတွက်အဆင်ပြေတယ်ဆိုရင် လူတွေပြောတဲ့ဝတာ၊ ပိန်တာက အရေးမကြီးပါဘူး။

blank

” ပိန်လိုက်တာ။”

“ဝလာတယ်နော်။”

“ဘယ်လိုဖြစ်လို့ အသားတွေ အဲ့ဒီလောက်မည်းသွားတာတုံး။”

ကင်းကွာလို့မရတဲ့အထဲမှာ ပတ်ဝန်းကျင်လည်းပါတဲ့အတွက် ဒီလိုစကားသံတွေကိုတော့ လူတိုင်းရဲ့ဘဝ တလျှောက် မကြာခဏကြားဖူးကြမှာပါ။

“ငါသိပ်များပိန်နေလို့လား။ ဝလာတော့ ကြည့်ရတာအဆင်မပြေတော့ဘူးနေမှာ” ဆိုတဲ့အတွေးတွေက နေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကိုပါ စတင်ထိခိုက်လာပါတော့တယ်။ တကယ်တော့ ကိုယ့်စိတ်က ထင်နေ တာပါ။ လူတိုင်းဟာ တခြားလူတွေကို အမြဲတမ်းစိတ်ဝင်စားမနေနိုင်ပါဘူး။ ထဲထဲဝင်ဝင်လည်း စိတ်မဝင်စားပါ ဘူး။ တွေ့တုန်းခဏ ပြောလိုက်ရုံပါ။ အဲ့ဒါကြီးကြောင့် စိတ်ဆင်းရဲပြီး “ငါပိန်မှာဖြစ်မယ်။ ငါဝမှဖြစ်မယ် ” ဆိုရင် တော့ ဘဝမှာ ပျော်ရွှင်မှုတွေရဖို့ ခက်ခဲတော့မှာပါ။ ပိန်တယ်ဆိုရင်တောင် ကိုယ်ပိန်နေတာက ကိုယ့်အတွက် ရောဂါကင်းနေလား။ ကိုယ့်အတွက်အဆင်ပြေနေလား။ ဒါဆိုရင် အဆင်ပြေပါတယ်။ ဝတယ်ဆိုရင်လည်း ကိုယ် ကျန်းမာနေလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုယ့်နေထိုင်စားသောက်မှုကကော ကိုယ့်အတွက်တကယ်ပဲ သက်တောင့်သက်သာဖြစ်နေ လား။ အိုကေနေတယ်ဆိုရင် လုံလောက်ပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ချင်းလည်း မတူကြပါဘူး။ ခန္ဓာကိုယ်အချိုးအဆစ်ချင်းလည်း မတူပါဘူး။ ဝပုံ၊ ပိန်ပုံချင်းလည်း တူမှာမဟုတ်ပါ ဘူး။ ဒါကြောင့် ကိုယ်အဆင်ပြေနေလား၊ မပြေဘူးလားဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ကိုယ့်အတွက် အဆင် မပြေနေမှ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားပါ။ သူများအတွက် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ တစ်သက်လုံးပြောင်းလဲစရာ ကုန်တော့မှာမဟုတ်ပါဘူး။ အလွယ်ကူဆုံးက ပါးစပ်ကနေ ဝေဖန်ရတဲ့အလုပ်မို့ ဝေဖန်သူတွေကတော့ အမြဲတွေ့နေမှာပါပဲ။

ဒါကြောင့် ကိုယ့်အဆင်ပြေမှုကိုပဲ ဦးစားပေးပါ။ ကိုယ့်စိတ်ချမ်းသာမှုကိုပဲ အလေးထားပါ။ ကိုယ့်ပျော်ရွှင် မှုကိုပဲ တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်လိုက်ပါ။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။