ရုံးပိတ်ရက်ရှည်မှာ ခရီးမထွက်ရပေမဲ့ ခရီးထွက်လိုက်ရသလို ပေါ့ပါးလန်းဆန်းသွားစေမယ့် အကြံကောင်းလေးများ

blank

၁။ အိမ်ရှင်းပါ။ လုံးဝစိတ်တိုင်းကျကျေနပ်သွားတဲ့အထိ အေးအေးဆေးဆေးအချိန်ယူရှင်းလင်းလိုက်ပါ။

၂။ မအားလပ်ချိန်တလျှောက်လုံး ကြည့်ဖို့စုထားခဲ့သမျှ ဇာတ်ကားတွေကို ထိုင်ကြည့်လိုက်ပါ။

၃။ စာအုပ်ဖတ်မလား။ ပန်းချီဆွဲမလား။ ကာရာအိုကေဆိုမလား။ ဝါသနာပါရာတွေ လုပ်ပါ။

၎။ အွန်လိုင်းပေါ်က ချက်ပြုတ်နည်းတွေရှာဖွေပြီး စားချင်တာတွေကို စိတ်ကြိုက်ချက်ပြုတ်စားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ စိတ်ပဲရှိပြီး လက်တွေ့အကောင်အထည်မဖော်ဖြစ်သေးတဲ့ ယောဂ၊ Gym စတဲ့ လေ့ကျင့်ခန်းတွေကို အစပြု လုပ်ဆောင်ပါ။

၆။ သင်ချစ်ရတဲ့ တူ၊ တူမ၊ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အပြည့်အဝအချိန်ပေးပါ။

၇။ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေကို အိမ် အလည်ခေါ်ပါ။

၈။ မိသားစုကို အပြည့်အဝအချိန်ပေးပါ။ ပျော်စရာဂိမ်းလေးတွေ အတူတူကစားပါ။

သင်ကလည်း ရုံးပိတ်ရက်ရှည်မှာ ခရီးမထွက်ဖြစ်တဲ့သူတစ်ယောက်ဆိုရင် အိမ်မှာ ဘယ်လိုအချိန်ဖြုန်း မလဲဆိုတာလေးကို မျှဝေခဲ့ပါဦးနော်။