ရိုင်းပျတဲ့ Comment တွေ ပျောက်ကွယ်ဖို့ဆိုရင် တစ်ဦးချင်းစီရဲ့တုံ့ပြန်မှုနဲ့ စတင်ရမှာပါ။

ဆယ်လီတစ်ယောက်က Facebook ပေါ် ပုံတင်လိုက်တယ်။

ဆဲစရာမပါပေမဲ့ ပုံကြည့်ပြီး တချို့တွေက မိုက်မိုက်ရိုင်းရိုင်း Comment တွေ ဝင်ရေးကြတယ်။

လူသိများတဲ့ ဆယ်လီတစ်ယောက်အနေနဲ့ ပုံအမှန်တောင်မဖော်ပြတဲ့သူနဲ့ ဖက်ပြိုင်မဖြစ်ချင်တာကြောင့် ဘာမှ မတုံ့ပြန်ဘဲ ဥပေက္ခာပြုလိုက်တယ်။

ဆဲတဲ့သူတွေကော၊ အများအမြင်မှာပါ ဆယ်လီဆိုတာ သူများဆဲတိုင်းခံရမယ့်သူတွေ၊ ဆဲလို့ရတဲ့သူတွေလို့ မှတ်ယူသွားကြတယ်။

ကောင်မလေးတစ်ယောက်က ပုံတင်လိုက်တယ်။

ပုံကိုကြည့်ပြီး လူတစ်ချို့က ရိုင်းပျတဲ့ Comment တွေ ရေးကြတယ်။ ကောင်မလေးက ရှက်လို့ comment လေး ကို တိတ်တိတ်လေးပြန်ဖျက်ပစ်လိုက်တယ်။ တစ်ခါတလေလည်း Only me လိုက်တယ်။

အရေးယူခြင်းမခံရတဲ့ comment ရေးသူတွေက နောက်လည်း ရေးချင်သလို ရေးတော့တာပဲ။

တကယ်တော့ facebook အသုံးပြုခြင်းဟာ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလို ဖြစ်လာစေဖို့ပါ။ အဲ့ဒီရွာမှာ နေထိုင်ကြတဲ့လူတိုင်းဟာလည်း လူတစ်ယောက်ရဲ့တန်ဖိုးကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။ အလကားနေရင်း လူ တစ်ယောက်ကို အပြင်မှာ ဆဲဆိုလို့မရသလိုဘဲ အွန်လိုင်းပေါ်မှာလည်း ဆဲဆိုပိုင်ခွင့်မရှိပါဘူး။ မရှိဘူးဆိုတာ ဆဲ တတ်သူတွေသိအောင်လည်း အဆဲခံရသူတွေက အွန်လိုင်းဥပဒေအရ တုံ့ပြန်မှုတွေ ပြုသင့်ပါတယ်။ ဆယ်လီကို ဆဲမှမဟုတ်ပါဘူး။ သာမန်လူကိုဆဲရင်လည်း အဲ့ဒီဆဲဆိုမှုအတွက် ထိုက်သင့်တဲ့တုံ့ပြန်မှုတွေပြုလုပ်ကြရင် အွန် လိုင်းကမ္ဘာကြီးကို အကျည်းတန်နေစေတဲ့ လူလူချင်းရိုင်းပျတဲ့ comment တွေလည်း တဖြည်းဖြည်းပျောက် ကွယ်သွားမှာပါ။

သင်ကော သင့်အပေါ်ရိုင်းပျတဲ့ comment ပေးသူတစ်ယောက်ယောက်နဲ့ ကြုံခဲ့ဖူးလား။ အဲ့ဒီတုန်းက ဘယ်လိုဖြေရှင်းဖြစ်ခဲ့လဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။