သင့်ကို လူတိုင်းမနှစ်သက်နိုင်တာကို လက်ခံပါ။

လောကကြီးမှာ သင်ဘာတွေလုပ်နေနေ အရေးမထားတဲ့သူတွေ၊ သင်ဘယ်လောက်ကြိုးစားနေနေ အ သိအမှတ်မပြုတဲ့သူတွေ၊ သင့်ကို မနှစ်သက်တဲ့သူတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမဲ့ သင့်ကို လေးလေးနက်နက် ချစ်ခင်ကြတဲ့သူတွေလည်း အပြည့်ပါ။ သင့်ကိုချစ်တဲ့သူတွေကသာ သင့်ရဲ့လူတွေပါ။

သင့်ကိုမချစ်တဲ့သူတွေအပေါ် ယုံကြည်ဖို့ကြိုးစားရင်းနဲ့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးလိုက် ပါနဲ့။ သူတို့တွေဟာ သင့်တန်ဖိုးတွေနဲ့ လွဲချော်နေကြတယ်။ ဒါကြောင့် သင့်လမ်းပေါ်မှာ သင်နဲ့အတူ သူတို့လျှောက်လှမ်းလာလိမ့်မယ်လို့မျှော် လင့်ရင်း သင့်ရဲ့အချိန်တွေ၊ ခံစားမှုတွေကို မဖြုန်းတီးပစ်လိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သေချာတာက သင်က သူတို့အတွက်မဟုတ်သလို သူတို့ကလည်း သင့်အတွက် မဟုတ်ပါဘူး။ သူတို့ ကို သင့်လမ်းကြောင်းပေါ်ကနေ ယဉ်ယဉ်ကျေးကျေးပဲ ဖယ်ရှားပစ်လိုက်ပါ။ သင့်လမ်းကြောင်းကို ကောင်း ကောင်းလျှောက်လှမ်းလိုက်ပါ။ သင်ဘယ်သူလဲဆိုတာကို လက်ခံအသိအမှတ်ပြုတဲ့သူတွေနဲ့ပဲ သင့်ဘဝလမ်း ကြောင်းပေါ် အေးအတူပူအမျှ ဆက်လက်လျှောက်လှမ်းလိုက်ပါ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။