ဘဝဆိုတာ သင်ပိုင်ဆိုင်ထားတဲ့ တန်ဖိုးအကြီးဆုံးအရာပါ။

blank

တန်ဖိုးရှိတဲ့ သင့်ဘဝအချိန်တွေကို ပျော်ရွှင်စွာနဲ့ပဲ ကုန်ဆုံးချင်ပါသလား။

ဒါဆိုရင်တော့ သင့်ပျော်ရွှင်မှုတွေကို ဖြုန်းတီးပစ်နေတဲ့ အငြိုးအတေးတွေကို လွှတ်ချပစ်လိုက်ဖို့ လိုပါ တယ်။

  • ပျော်ရွှင်တဲ့အခါ ရယ်မောပါ။
  • တောင်းပန်သင့်တဲ့အခါ တောင်းပန်ပါ။
  • ပေးနိုင်သမျှပေးပါ။
  • သင်တတ်နိုင်သမျှ နောင်တရစရာတွေ မကျန်အောင် နေပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဘဝဆိုတာ မပျော်ရွှင်မှုတွေအတွက် နေရာမပေးသင့်လောက်အောင် အချိန်တွေတိုတောင်းလွန်းပါ တယ်။ ဒါကြောင့် အဆိုးအကောင်းတွေကို လက်ခံနိုင်ဖို့ ကြိုးစားပါ။ ဝမ်းနည်းမိတဲ့အခါတိုင်း သင်ရရှိထားတဲ့၊ ပိုင်ဆိုင်ခွင့်ရထားတဲ့အရာတွေကို သတိရပါ။ ကျေးဇူးတင်ပါ။ အမြဲတမ်းခွင့်လွှတ်ပါ။ ဒါပေမဲ့ မေ့မပစ်ပါနဲ့။ သင့် အမှားတွေဆီက သင်ခန်းစာယူပါ။ ဒါပေမဲ့ ဘယ်တော့မှ နောင်တမရပါနဲ့။

လူတွေကလည်း ပြောင်းလဲနေကြတယ်။ အရာရာတိုင်းကလည်း အချိန်မရွေးပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ အမြဲတမ်းသတိရနေသင့်တာက ဘဝဆိုတာ ဘယ်အခြေအနေရောက်ရောက် အမြဲတမ်းရှေ့ဆက်သွား နေမယ်ဆိုတာပါပဲ။

သင်ကော သင်ပိုင်ဆိုင်ထားတဲ့ဘဝကို တန်ဖိုးထားတတ်နေပြီလား။