သင့်ရဲ့ကိုယ်ရေးကိုယ်တာမှန်သမျှကို ဖေ့စ်ဘုတ်ပေါ်တင်နေတယ်ဆိုရင်…။

blank

သင်ဝယ်လိုက်တဲ့ ပစ္စည်းတွေမှန်သမျှကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်၊ ငွေဝင်တဲ့အခါ ငွေထုပ်ကြီးကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်၊ ကိုယ်ရေးကိုယ်တာမှန်သမျှကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်လုပ်နေတာဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သတိထားစောင့်ကြည့်နေတဲ့သူ ရှိတယ်လို့ ထင်လို့လား။ ကြွားချင်ရုံသက်သက်လား။ ဘယ်လိုရည်ရွယ်ချက်နဲ့ တင်ရတာလဲ ဆိုတာကို သုံးသပ်ကြည့်ဖူးလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

“ဒီနေ့အိမ်မှာတစ်ယောက်တည်း” ဆိုတဲ့ caption နဲ့ တင်လိုက်တဲ့ selfie ပုံ တစ်ပုံဟာ အန္တရာယ်တွေကို လက်ယပ်ခေါ်နေတဲ့ ပုံတစ်ပုံဖြစ်သွားနိုင်တယ်။ “လစာထုတ်လာခဲ့ပြီ” လို့ အိမ်မရောက်ခင်ကတည်းက တင်လိုက်တဲ့ ပိုက်ဆံပုံတစ်ပုံဟာ အချောင်ရဖို့ချောင်းနေတဲ့သူတွေအတွက်တော့ အကွက်ကောင်းတစ်ကွက်ဖြစ်သွားနိုင်တယ်။ သင့်ကိုယ်ရေးကိုယ်တာမှန်သမျှကို စိတ်ဝင်စားတဲ့သူရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမဲ့ သင့်ကိုဒုက္ခပေးဖို့ အကွက်ကောင်းကို ချောင်းနေတဲ့သူကတော့ ရှိနေမှာ အသေအချာပါပဲ။

ဒါ့ကြောင့် ဖေ့စ်ဘုတ်ပေါ်မှာ အချက်အလက်တွေတင်တော့မယ်ဆိုရင် ဘာအတွက် တင်ချင်တာလဲဆိုတာကို သေချာစဉ်းစားပါ။ ကြွားဝါချင်စိတ်တွေနဲ့တော့ အန္တရာယ်တွေကို လက်ယပ်မခေါ်လိုက်ပါနဲ့။