စိတ်အေးချမ်းဖို့ ဘဝနေနည်း

ဂန္ထဝင်စာချစ်သူတို့ရေ………..

ဖြစ်လာသမျှရလဒ်တွေအပေါ် လက်ခံလိုက်တာဟာ စိတ်ကိုအေးချမ်းစေပါတယ်။

ဘယ်ကိစ္စမဆို သင်က အတိုက်အခံလုပ်လို့ရသလို အဲ့ဒီကိစ္စကိုပဲ အေးအေးဆေးဆေး လက်ခံလိုက်လို့လည်း ရပါတယ်။

သင်က အေးအေးဆေးဆေး လက်ခံလိုက်တဲ့အခါ သင်ထိန်းချုပ်နိုင်တာထက် ကျော်လွန်တဲ့အရာတွေအတွက် အတိုက်အခံလုပ်နေတာကို ရပ်တန့်နိုင်ပါတယ်။

  • သင့်ကို သဘောမကျသူတွေနဲ့ အဆင်ပြေအောင်နေပါ။
  • အခြေအနေတိုင်းမှာ ဖြေရှင်းရခက်တဲ့ပြဿနာတွေကို လက်ခံဖို့ကြိုးစားပါ။
  • သင်လိုချင်တာတွေနဲ့ပတ်သက်ပြီး တိကျမှုရှိပါ။
  • စိတ်အေးချမ်းစေဖို့ လက်လွတ်သင့်တဲ့အရာတွေကို လက်လွတ်ပေးလိုက်ပါ။
  • သင့်ပျော်ရွှင်မှုအတွက် သင်ကိုယ်တိုင်တာဝန်ယူပါ။

ဒီနည်းလေးအတိုင်း စိတ်အေးချမ်းမှုကို ဖွေရှာလိုက်ပါနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။