ငယ်ငယ်ကဘဝနာခဲ့သူတွေက ကြီးလာတဲ့အခါ ပိုရင့်ကျက်သူတွေဖြစ်လာကြတယ်။

blank

ဘဝဆိုတာကတော့ ရွေးချယ်ခွင့်မရှိပါဘူး။

တချို့တွေက ငယ်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ရရှိကြတယ်။ တချို့တွေရဲ့ငယ်ဘဝမှာတော့ နာ ကျင်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နေကြတယ်။ ကိုယ့်ငယ်ဘဝကို ကိုယ်ဖြစ်စေချင်သလို ရွေးချယ်လို့ မရပေမဲ့ ကြီးပြင်းလာတဲ့ဘဝမှာတော့ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံဖော်ဖန်တီးခွင့်ရှိပါတယ်။ ငယ်ငယ်က ကြုံခဲ့ရတဲ့ နာကျင်စရာတွေ၊ အတိတ်ဆိုးတွေကိုပဲ ဆက်လက်ဆုပ်ကိုင်ထားပြီး ဘဝကို အရှုံးတွေနဲ့ ဆက်လက်ဖြတ်သန်း မလား။ ဒါမှမဟုတ် မပြည့်စုံခဲ့တဲ့ဘဝကို အကြီးမားဆုံးတွန်းအားအဖြစ်မှတ်ယူပြီး ပိုမိုကောင်းမွန်တဲ့ ဘဝဖြစ် အောင် ကြိုးစားတည်ဆောက်မလား။

သင့်အနာဂတ်အတွက် အဖြေဟာ သင့်လက်ထဲမှာပဲ ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် သင်ကလည်း ငယ်ဘဝမှာ နာကျင်စရာတွေရှိခဲ့တယ်ဆိုရင် အဲ့ဒါတွေကို ဆက်လက်ဆုပ်ကိုင် မထားပါနဲ့။ တွန်းအားတွေအဖြစ်မှတ်ယူပါ။ ပိုတိုးတက်တဲ့ဘဝပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားပါ။ ဘဝမှာ ပိုရင့် ကျက်သူဖြစ်လာစေခဲ့တဲ့ တွန်းအားကောင်းတွေအနေနဲ့ စိန်ခေါ်မှုတွေကို ကျေးဇူးတင်လိုက်ပါ။

သင်ကော သင့်ဘဝထဲက စိန်ခေါ်မှုတွေကို တွန်းအားကောင်းတွေအဖြစ်ခံယူလေ့ရှိလား။