“သင့်တန်ဖိုးကို သင်သိပါစေ။”

blank

တစ်ခါတုန်းကပေါ့။ ဖခင်တစ်ဦးက သူ့သားကို သူမသေဆုံးခင်မှာ စကားတစ်ခွန်းပြောခဲ့ပါတယ်။

“ဒီနာရီက မင်းအဖိုးက ငါ့ကို ပေးခဲ့တဲ့နာရီပါ။ ဒါက သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ဝဝ ကျော်ခဲ့ပြီ။  ဒီနာရီမင်းကို မပေးခင်မှာ လမ်းမပေါ်က နာရီဆိုင်တစ်ဆိုင်မှာ ဒီနာရီကို ရောင်းချင်တယ်လို့ ပြောပြီး သူတို့က နာရီကို ဈေးဘယ်လောက်ပေးသလဲ ဆိုတာ ငါ့သား သွားမေးခဲ့ကြည့်ပါ။”

ဒါနဲ့ပဲ သူ့သားဖြစ်သူက အိမ်ကနေထွက်သွားပြီး သိပ်မကြာခင်အချိန်မှာ ပြန်ရောက်လာခဲ့တယ်။ ပြီးတော့ သူ့အဖေကို ပြောပါတယ်။   “အဖေ၊ နာရီရောင်းတဲ့သူက  ပြောတယ်။ ဒီနာရီက အစင်းရာ၊ အခြစ်ရာတွေအများကြီးလည်း ရှိသလို ဟောင်းနွမ်းနေတာကြောင့် ငါးဒေါ်လာပဲ ပေးမယ်လို့ ပြောတယ်။”

ဒီတော့ သူ့အဖေက သူ့သားကို ကော်ဖီဆိုင်သို့ ပြန်သွားပြီး ရောင်းခိုင်းပြန်ပါတယ်။ တစ်နာရီလောက်ကြာတော့ ပြန်ရောက်လာပြန်ပြီး  “ကော်ဖီဆိုင်ပိုင်ရှင်ကလည်း ငါးဒေါ်လာပဲ ပေးမယ်လို့ ပြောတယ် အဖေ.. ။”

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဒါဆိုရင် ပြတိုက်ကိုသွားပြီး ဒီနာရီကို ပြကြည့်ပါ ငါ့သား။ ”

သူအိမ်ကနေ နောက်တစ်ခါ ပြန်ထွက်သွားခဲ့တယ်။ ပြီးတော့ အိမ်ကို ပြန်လာတဲ့အချိန်မှာ သူ့သားမျက်နှာက ပြုံးပျော်လို့ပေါ့။

“အဖေရေ… ဒီနာရီအတွက် သူတို့က ဒေါ်လာတစ်သန်းတောင် ပေးမယ်လို့ ပြောတယ်ဗျာ”

အဲ့ဒီအခါမှာ သူ့အဖေက သူ့သားကို ကြည့်ပြီးတော့ လေးလေးနက်နက်ပြောလိုက်ပါတယ်။

“ သားရေ…အဲ့ဒီသဘောပါပဲ။  မင်းတန်ဖိုးကို မသိတဲ့နေရာမျိုးမှာ မနေပါနဲ့။ မင်းတန်ဖိုးနဲ့ မထိုက်တန်တဲ့နေရာမျိုးမှာ နေရင် မင်းတန်ဖိုးဟာ နိမ့်ကျလိမ့်မယ်။ မင်းတန်ဖိုးကို မသိတဲ့သူတွေအတွက်တော့ မင်းဟာ တန်ဖိုးမရှိဘူး ထင်ကြလိမ့်မယ်။ လူတစ်ယောက်အတွက် မှန်ကန်တဲ့နေရာနဲ့ မှန်ကန်တဲ့တန်ဖိုးဆိုတာ ရှိတယ်။ ဒါကြောင့်မို့ မင်းတန်ဖိုးကို သိတဲ့နေရာဟာ မင်းအတွက် မှန်ကန်တဲ့နေရာပါပဲ။”

သူ့အဖေစကားကို ကျေနပ်စွာနားထောင်ရင်း သူ့သားဟာ နားလည်သဘောပေါက်စွာ ပြုံးနေပါတော့တယ်။

——————————————

ဒီစာလေးကို ဖတ်ပြီးတော့ သင်လည်း သင့်တန်ဖိုးသိတဲ့လူတွေ သင့်မှာရှိပြီလား။ သင့်တန်ဖိုးနဲ့ ကိုက်ညီတဲ့နေရာမှာ ရောက်နေပြီလားဆိုတာ သုံးသပ်နိုင်ပါစေ။