ဘဝထဲက အနိမ့်အမြင့်၊ အတက်အကျတွေဆိုတာ…

blank

လောလောဆယ်မှာ သင့်ဘဝဟာ နိမ့်ပါးတဲ့အောက်ခြေတစ်နေရာဆီ ရောက်ရှိနေလား။

သင်သိထားဖို့က အနိမ့်အမြင့်ဆိုတာ နေရာတစ်ခုသက်သက်သာဖြစ်ပြီး အဲ့ဒီနေရာမှာ အမြဲနေသွားရ မယ်ဆိုတဲ့ အာမခံချက်တစ်ခုမဟုတ်ပါဘူး။ ထာဝရဆိုတာ ဘယ်မှာမှမရှိပါဘူး။ အဲ့ဒီလိုပဲ အနိမ့်နေရာဆိုတာ လည်း ဒီထက်ပိုကောင်းတဲ့နေရာတွေဆီ သင့်ကို ဦးဆောင်သွားမယ့်၊ လှပတဲ့အချိန်တွေဆီ ဦးတည်သွားတော့ မယ့် အဦးအစနေရာလို့တောင် ဆိုရမှာပါ။ အမြင့်ဆုံးဆိုတဲ့နေရာရောက်ဖို့ အနိမ့်ကနေ စတင်ကြရတာပါ။ အမြင့် ဆီရောက်ရှိဖို့ စတင်လိုက်တာနဲ့ အလင်းရောင်က သင့်လမ်းကြောင်းပေါ် ရောက်လာပါလိမ့်မယ်။ အနိမ့်မှာရှိနေ ရတာဟာ အဆင်ပြေပါတယ်။ ရုန်းကန်ရခြင်းဆိုတာလည်း အဆင်ပြေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့ အဲ့ဒီအနိမ့်က သင့်ကိုကိုယ်စားပြုတယ်လို့တွေးတာကတော့ အဆင်မပြေပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီလိုမဟုတ်လို့ပါ။ ရှုံးနိမ့်ခြင်း၊ လဲပြိုခြင်း၊ နိမ့်ကျခြင်းဆိုတဲ့အရာတွေဟာ အချိန်တန်ရင် ဖြတ်ကျော် သွားမှာပါ။ ကြမ်းတမ်းတဲ့အချိန်တွေဆိုတာလည်း တစ်နေ့အဆုံးသတ်သွားမှာပါ။ အဲ့ဒီတစ်နေ့ကျရင် ပြန်လည် စတင်ခြင်းတွေက သင့်ဘဝထဲကို ဝင်လာကြပါလိမ့်မယ်။ အလင်းရောင်တွေက သင့်ကို အလင်းပေးလာကြမယ်။ ပျော်ရွှင်ခြင်းတွေက သင့်ဆီရောက်ရှိလာကြလိမ့်မယ်။ ငြိမ်းချမ်းခြင်းတွေက သင့်ကို ပွေ့ဖက်လာပါလိမ့်မယ်။

ယုံပါ။ လက်ရှိသင်ရောက်နေတဲ့အနိမ့်တစ်နေရာဆိုတာ တကယ့်ကိုနေရာသက်သက်တစ်ခုပါ။ သင်ကြိုး စားတာနဲ့အမျှ ပိုကောင်းတဲ့အမြင့်နေရာတွေဆီ ရောက်ရှိသွားမှာပါ။

စိတ်ဓာတ်ခွန်အားတွေပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။