ဝတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဒါလေးတွေရှောင်ပါ။

blank

ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ ဒိတ်လုပ်နေလား။ စချစ်ခဲ့တုန်းကတော့ သူမကို ဝဝကစ်ကစ်နဲ့ ချစ်စရာလေးဆိုပြီး ရွေးချယ်ခဲ့ပြီးမှ သူမကို လှောင်ပြောင်သရော်တာမျိုး၊ သူမကိုကဲ့ရဲ့တာမျိုးတွေဟာ အချစ်ခရီးကို အနှောင့်အယှက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဝတဲ့ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ရှောင်ကြဉ်သင့်တာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သူမရဲ့ ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး အများကြားမှာ မှတ်ချက်ပေးတာမျိုးရှောင်ပါ။

၂။ “ဖက်တီး” တို့ “ဝက်ပုတ်” တို့ စတဲ့ နာမည်ပြောင်တွေနဲ့ ခေါ်တာရှောင်ပါ။ သူမက သင့်ကို ဖွင့်မပြောဘူးဆိုရင်တောင် သူမရဲ့ ချစ်သူဖြစ်တဲ့ သင်ပြောတဲ့ စကားတွေက အခြားလူတွေပြောတဲ့ စကားထက် နာကျင်စေနိုင်တယ်ဆိုတာ မှတ်ထားပါ။

၃။ သူမရှေ့မှာ ပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားအကြောင်းပြောတာမျိုး ရှောင်ကြဉ်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ ဝိတ်လျှော့ဖို့ အတင်းတိုက်တွန်းတာမျိုး၊ သူမစားတဲ့အခါ ဟန့်တားတာမျိုးကို ရှောင်ပါ။

၅။ သူမကိုအရှိအတိုင်းလက်ခံပြီး၊ ချီးကျူးပေးပါ။ သူမဟာ သူမရဲ့ ပုံစံအတိုင်း လှနေတယ်ဆိုတာကို မကြာမကြာပြောပေးပါ။

ဝတဲ့ကောင်မလေးတွေဟာ….

• ပျော်ပျော်နေတတ်တယ်။

• စည်းရုံးရလွယ်တယ်။

• ဆွဲဆောင်မှုရှိတယ်။

• နွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တယ်။

• ဖက်လို့ကောင်းတယ်။

ဒါ့ကြောင့် ဝတဲ့ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်။

သင့်ရဲ့ ဝဝလှလှချစ်သူလေးကို mention ခေါ်လိုက်ပါဦးနော်။