ခေတ်နဲ့အညီ အွန်လိုင်းသုံးပါ။ ဒါပေမဲ့ အချိန်ကို အကျိုးရှိရှိ ကုန်လွန်စေပါ။

blank

သားရေ…

သားရဲ့တစ်ရက်တာ ၂၄ နာရီထဲက အိပ်ချိန် ၈ နာရီကို ဖယ်လိုက်ရင် ၁၆ နာရီကျန်ပါတယ်။ အဲ့ဒီ ၁၆ နာရီမှာ သားရဲ့အလုပ်ချိန်၊ ရေမိုးချိုး၊ ထမင်းစားချိန်၊ မိသားစုနဲ့စကားပြောချိန်၊ သွားလာလှုပ်ရှားချိန်တွေကို ဖယ် လိုက်ရင် ၁၁ နာရီလောက်ကုန်သွားပြီ။ အဲ့ဒီတော့ သားမှာအများဆုံး ၅ နာရီပဲကျန်မယ်။ အဲ့ဒီ ၅ နာရီကို သား ဘယ်လိုအသုံးချလဲဆိုတာက ရေရှည်မှာ သားရဲ့တိုးတက်မှု၊ မတိုးတက်မှုကို ဆုံးဖြတ်ပေးသွားမှာပါပဲ။ အထူး သဖြင့် လူငယ်တွေရဲ့အချိန်အများစုကို မသိမသာဖြုန်းတီးပစ်နေတာက အွန်လိုင်းပါပဲ။ အွန်လိုင်းပေါ်တက်လိုက် ရင် တစ်နာရီဆိုတဲ့အချိန်ဟာ ဟိုကြည့်ဒီကြည့်နဲ့ ဖြုတ်ခနဲပဲ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားလက်ဆုံ ကျမယ်၊ ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေပါကြည့်ဦးမယ်ဆိုရင် ၅ နာရီဆိုတာ ခဏလေးနဲ့ ကုန်သွားမှာပါ။ တစ်နေ့ လုံးမှာမှ ကိုယ့်အတွက် သေသေချာချာပိုင်ဆိုင်ခွင့်ရတဲ့ ၅ နာရီကို ကိုယ်က အလဟဿကုန်ဆုံးစေလိုက်မယ် ဆိုရင် တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားမယ်။ တိုးတက်မှုလည်း ရှိလာမှာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် ဗဟုသုတရဖို့၊ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ ကမ္ဘာကြီးနဲ့တစ်ပြေးညီဖြစ်နေဖို့ အွန်လိုင်းသုံးပါ။ ဒါပေမဲ့ တကယ်ဗဟုသုတရစေမယ့်၊ ကိုယ့်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေမယ့် အစီအစဉ်တွေ နား ထောင်တာ၊ စာတွေဖတ်တာ၊ စိတ်ခွန်အားရစေမယ့် video တွေကြည့်တာ၊ အတုယူတာမျိုးတွေနဲ့ အကျိုးရှိရှိ ကုန်ဆုံးနိုင်ဖို့ ကြိုးစားပါလို့ မေမေက တိုက်တွန်းလိုက်ပါတယ်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။