သင့်ကိုယ်သင်ချစ်ရင် သင့်တန်ဖိုးကို သင်ကိုယ်တိုင်သတ်မှတ်ပါ။

blank

အားနာတတ်တဲ့စိတ်ဆိုတာ တစ်ခါတလေ လူကို ဒုက္ခရောက်စေပါတယ်။

ဥပမာ-

ကိုယ်ရောင်းတဲ့ပစ္စည်းက အရင်း ၉ဝ ရှိတယ်။ ၁ဝဝ ရောင်းမှ ၁ဝ မြတ်မယ်။ ဒါပေမဲ့ လူရင်းက လာဝယ်တဲ့အခါ အမြတ်မယူချင်တာနဲ့ ၉ဝ နဲ့ ရောင်းမယ်ပြောလိုက်တယ်။ သူက အမြတ်တင်ထားတယ်ထင်ပြီး ၈ဝ နဲ့ ရောင်းခိုင်းတယ်။ လူရင်းဆိုတော့ မလျှော့လို့ကမရတော့ ကိုယ့်ထဲက ၁ဝ အရှုံးခံပြီး “ တစ်ခါတလေပဲလေ ” ဆိုပြီး လျှော့ပေးလိုက်ရတယ်။ ၈ဝ နဲ့ရလိုက်တဲ့သူက နောက်လည်း ၈ဝ ထက်ပိုမပေးချင်တော့ပါဘူး။ ၈ဝ ဆို တာ ကိုယ်ရောင်းနိုင်တဲ့အရင်းလို့ သူက တစ်သက်လုံးသတ်မှတ်လိုက်ပါပြီ။

ဘဝမှာလည်း အဲ့ဒီလိုပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုယ့်တန်ဖိုးကို ကိုယ်တိုင်အသိဆုံးပါ။ ကိုယ့်တန်ဖိုးထက်နိမ့်အောင် တစ်ခါလောက် လျှော့ပေးလိုက်မိ ပြီးရင် တခြားသူတွေအတွက် ကိုယ့်တန်ဖိုးဟာ အမြဲတမ်းလျှော့ဈေးဖြစ်သွားပါပြီ။ ဈေးပြန်တက်ချင်လို့ မရတော့ ပါဘူး။ အဲ့ဒီအချိန်မှ ဘယ်သူကတော့ဖြင့် ကိုယ့်ကိုတန်ဖိုးမထားဘူး၊ နှိမ့်ချဆက်ဆံတယ်ဆိုပြီး ကြေကွဲနေလို့ မ ထူးပါဘူး။ တကယ့်ပြဿနာအရင်းအမြစ်က ကိုယ်ပါ။ ကိုယ့်တန်ဖိုးကို နိမ့်စေခဲ့တဲ့သူက ကိုယ်ကိုယ်တိုင်ပါ။

ဒါကြောင့် ဘဝမှာ နှိမ့်ချဆက်ဆံခံရတာတွေမကြိုက်ဘူးဆိုရင်၊ တန်ဖိုးထားမခံရတဲ့အဖြစ်တွေ မကြုံချင် ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးသတ်မှတ်ပါ။ ကိုယ်သတ်မှတ်ထားတဲ့တန်ဖိုးအတိုင်းနေပါ။ ဈေးမလျှော့ပါနဲ့။

သင်ကော သင့်ကိုယ်သင် တန်ဖိုးထားတတ်ပြီလား။