သူများရဲ့အပေါ်ယံတွေကို လိုက်ကြည့်နေသရွေ့ ကိုယ့်ဘဝကိုယ် နိမ့်ကျတယ်ထင်နေဦးမှာပါပဲ။

blank

အဆင်မပြေတဲ့နေ့ရက်တွေမှာ အွန်လိုင်းပေါ်တက်လိုက်တဲ့အခါ တခြားသူတွေကတော့ ပျော်လို့ရွှင်လို့၊ ရယ်မောလို့၊ အလည်အပတ်ခရီးတွေထွက်လို့။ ဒါတွေမြင်ရတော့ အဆင်မပြေနေတာ ကိုယ်တစ်ယောက်တည်း ပါလား၊ အဖော်အပေါင်းမရှိဘဲ တစ်ယောက်တည်းဖြစ်နေတာ ကိုယ်ပဲပါလား၊ ကိုယ့်ဘဝမှာကျတော့ သူတို့လို လည်ပတ်စားသောက်နေဖို့ ငွေကြေးမပေါများပါလားဆိုတာမျိုး ခံစားဖူးကြမှာပါ။

အဲ့ဒီလိုမျိုး အဆင်မပြေခြင်း၊ မပျော်ရွှင်ခြင်းဟာ တခြားသူတွေရဲ့အဆင်ပြေခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ဆက်စပ်နေပြီဆိုရင်တော့ သင့်စိတ်ကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ဘယ်လောက်ပြည့်စုံတဲ့ဘဝဖြစ်ဖြစ် အမြဲတမ်း ပျော်ရွှင်နေတဲ့သူ၊ တစ်ခါမှ စိတ်ညစ်စရာမတွေ့ဖူးတဲ့သူ၊ ဘာလုပ်လုပ်အမြဲအဆင်ပြေအောင်မြင်နေတဲ့သူ၊ ဆက် ဆံရေးတိုင်း ပြေလည်ချောမွေ့နေတဲ့သူဆိုတာ လောကကြီးမှာ မရှိပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

လူတိုင်းရဲ့ဘဝမှာ တစ်ခုမဟုတ် တစ် ခုနဲ့တော့ ရုန်းကန်နေကြရတာပါပဲ။ အများအမြင်မှာ အားကျစရာကောင်းလောက်အောင် အောင်မြင်ကျော်ကြား ပြီး ငွေကြေးပိုင်ဆိုင်မှုမြင့်မားတဲ့ အနုပညာရှင်တချို့ သေကြောင်းကြံစည်သွားကြတာတွေကြည့်ရင် လူတိုင်းရဲ့ နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ရုန်းကန်မှုတွေရှိနေတယ်ဆိုတာ ပိုသိသာပါတယ်။ ဖော်ပြတဲ့သူနဲ့ မဖော်ပြတဲ့ သူပဲ ကွာပါတယ်။ ဒါကြောင့် အဓိကက စိတ်ပါပဲ။ အတတ်နိုင်ဆုံးကြိုးစားပါ။ ကြိုးစားမှုတွေဖြစ်မလာတဲ့အခါဆို ရင်လည်း ရှိတာလေးနဲ့ ရောင့်ရဲတတ်တဲ့စိတ်၊ ကိုယ့်ဘဝကို အရှိအတိုင်းလက်ခံကျေနပ်ပြီး အကောင်းမြင်တတ် တဲ့စိတ်၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို ကျေးဇူးတင်တတ်တဲ့စိတ်မွေးမြူသင့်ပါတယ်။

အဲ့ဒီစိတ်တွေကသာ ဘယ်အခြေအနေ၊ အချိန်အခါရောက်ရောက် သင့်ဘဝကို ပျော်ရွှင်အောင် ဖန်တီး ပေးနိုင်မယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့နော်။

အပြုသဘောဆောင်တဲ့အတွေးအခေါ်လေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။