ဖေ့စ်ဘုတ်ပေါ်မှာ ဘုရားတရားပို့စ်တွေ တင်နေတဲ့သူတိုင်း သူတော်ကောင်းတွေလား။

ဖေ့စ်ဘုတ်ပေါ်မှာလေ… profile ကို ဘုရားပုံထားပြီး သူများပို့စ်အောက်မှာ ဝင်ဆဲနေတဲ့သူတချို့ရှိတယ်။

ဘုရားစာတွေ၊ တရားခွေတွေ Share ပြီး သူများကို မစာနာတဲ့ comment တွေပေးတာ၊ body shaming လုပ်တာတွေ လုပ်တဲ့သူတချို့ရှိတယ်။

မိမိရဲ့ မိဘပုံတွေကို cover photo ထားပြီး သားသမီးချင်းမစာနာစွာ ရိုင်းပြဆဲဆိုနေတဲ့သူတချို့ရှိတယ်။

တကယ်တော့လေ…ဖေ့စ်ဘုတ်ပေါ်မှာ သူတော်ကောင်းဖြစ်စေတဲ့ post တွေ share နေတိုင်း သူတော်ကောင်းဖြစ်သွားတာ မဟုတ်သလို ဘုရားပုံကို profile မှာထားတိုင်းလည်း တရားသဘောကို တကယ်နားလည်နေတဲ့သူမဟုတ်နိုင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူတော်ကောင်းဆိုတာ သူတော်ကောင်းတရားကို တကယ်ကျင့်ကြံအားထုတ်နေပြီး  နှလုံးသားထဲမှာ ဘုရားတည်ထားတဲ့သူကိုခေါ်တာပါ။ မိမိရဲ့မိဘပုံတွေ တင်ထားပြီး မိဘတွေရဲ့ ဆိုဆုံးမမှုတွေကို အလကားဖြစ်စေမယ့် ရိုင်းပြမှုတွေကိုရှောင်ရှားမှသာ မိမိရဲ့မိဘတွေကို တန်ဖိုးထားတဲ့သူဖြစ်လာမှာပါ။

ဖေ့စ်ဘုတ်မှာ ဘုရားတရားတွေတင်နေတိုင်းတော့ သူတော်ကောင်းတွေ မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတော်ကောင်းတိုင်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဆဲဆိုနေတာ၊ ရိုင်းပြစွာပြောဆိုနေတာတွေကို ရှောင်ကြဉ်ကြပါတယ်။

သင်ကော ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်လိုလူမျိုးတွေကို တွေ့ဖူးလဲ။ မျှဝေပေးခဲ့ပါဦး။