ကော်ပီကောင်းမဖြစ်ချင်ပါနဲ့။ မူရင်းဖြစ်အောင် ကြိုးစားပါ။

blank

           နီနီနဲ့ ဝါဝါဆိုတဲ့ ကျောင်းနေဖက်သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲ လုပ် မယ်ဆိုတော့ နှစ်ယောက်လုံးဝင်ပြိုင်ဖို့ စာရင်းပေးကြပါတယ်။ မပြိုင်ခင်တစ်ပတ်အလိုမှာ ပြိုင်မယ့်စာစီစာကုံး ခေါင်းစဉ်အမည်ကို ကြိုပေးရပါတယ်။ နီနီက သူမပြိုင်ဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာကို ဝါဝါ့ ကို ပြောပြတယ်။ ဝါဝါက အဲ့ဒီခေါင်းစဉ်ကို တင်လိုက်ပါတယ်။ ဒါကြောင့် နီနီက သူမ အများကြီးပြင်ဆင်ထားတဲ့ ခေါင်းစဉ်အစား ဆက်စပ်မှုရှိတဲ့ နောက်ထပ်ခေါင်းစဉ်တစ်ခုကို အမြန်ရှာလိုက်ရပါတယ်။

နီနီက တော်တော်စိတ် ပျက်သွားတယ်။ ဒါပေမဲ့ နီနီဟာ ကိုယ်ရေးမယ့်ခေါင်းစဉ်နဲ့ပတ်သက်ပြီး စာတွေအများကြီး ကြိုဖတ်ထားသလို အဲ့ ဒီအတွက်လည်း လက်တွေ့ပြင်ဆင်ထားပြီးသူဖြစ်တာကြောင့် ကိုယ်ပိုင်ဝမ်းစာတွေအများကြီး စုဆောင်းထားပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရာက သူ့ရဲ့ပင်ကိုယ်ကြိုးစားမှု၊ မူရင်းဖြစ်လို့ပါ။ ဝါဝါကတော့ နီနီ့ ခေါင်းစဉ်ကို ယူလိုက်ပေမဲ့ အဲ့ဒီခေါင်းစဉ်နဲ့တကယ်ဖြေရတော့ ထင်သလောက် မရေးနိုင်ပါဘူး။ လက်တွေ့ လည်း ရှိမထားတော့ ခေါင်းစဉ်ကောင်းပေမဲ့ ခေါင်းစဉ်နဲ့လိုက်ဖက်ပြည့်စုံတဲ့ အားရကျေနပ်စရာ စာစီစာကုံးကို မရေးနိုင်ပါဘူး။ နီနီကတော့ ခေါင်းစဉ်က အနည်းငယ်လွဲချော်သွားပေမဲ့ အများကြီးပြင်ဆင်မှုရှိထားတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ရေးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒီပြိုင်ပွဲမှာ နီနီက ဆုရသွားပါတယ်။

လူတိုင်းရဲ့ဘဝမှာလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အရင်းနှီးဆုံးသူတွေကို ပြောပြမိတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် တစ်ခါတလေမှာ အရင်းနှီးဆုံးသူတွေက နောက်ကျောကို ဓားနဲ့ထိုးတာတွေလည်း ကြုံ ရတတ်ပါတယ်။ ဒါပေမဲ့ ဒါက ပူပန်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်က မူရင်းဖြစ်လို့ပါ။ မူရင်းရဲ့ တန်ဖိုး၊ မူရင်းရဲ့ပိုင်နိုင်သေချာတဲ့ကျွမ်းကျင်မှုကို ကော်ပီသမားက မယှဉ်ပြိုင်နိုင်ပါဘူး။ ပြီးတော့ စာစီစာကုံးပြိုင် ပွဲလိုပဲ အပေါ်ယံခေါင်းစဉ်နဲ့ အကြောင်းအရာစိတ်ကူးကိုသာ ကော်ပီယူလို့ရရင် ရမှာပါ။ မူရင်းပိုင်ရှင်တစ် ယောက်ရဲ့ ရင်ထဲက စိတ်ကူးစိတ်သန်းတွေနဲ့ လက်တွေ့ကျွမ်းကျင်မှုကို ကော်ပီသမားက မရနိုင်ပါဘူး။ ဒါ ကြောင့် ကော်ပီကူးခံရတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တိုင်လည်း ကော်ပီမဖြစ်ချင်ပါနဲ့။ ဘာကြောင့်လဲဆို တော့ ကော်ပီဘယ်လောက်ကောင်းကောင်း ဘယ်တော့မှ မူရင်းဖြစ်မလာနိုင်လို့ပါ။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။