Body Shaming လုပ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါပဲ။

ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး လူတစ်ယောက်ကို body shaming လုပ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြောက်တယ်ဆိုတာ သိပါသလား။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရိုင်းပြတဲ့မှတ်ချက်တွေပေးတာဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို ချိုးဖောက်ခြင်းပါပဲ။ အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လက်နဲ့ ထိခိုက်အောင် အနိုင်ကျင့်စော်ကားခြင်းကပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ရိုင်းပြတဲ့ comment တွေပေးတာ၊ ယုံကြည်မှုကိုပျက်ပြားအောင် မှတ်ချက်ပေးတာဟာလည်းပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါပဲ။

လတ်တလောမှာ လူပြောများနေတဲ့ အဆိုတော်တစ်ယောက်ကို body shaming လုပ်တဲ့ ကိစ္စမှာဆိုရင် comment တွေကို ဖတ်ပြီး အံ့သြမိတယ်။ လူတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို အဲ့ဒီလိုမျိုး အပျက်သဘောဆောင်တဲ့ comment တွေ ဘယ်လို နှလုံးသားနဲ့မျှပေးနိုင်တာပါလိမ့်။ ပြန်ရေးပြဖို့၊ ပြန်ပြောပြဖို့တောင် မထွက်တဲ့ စကားလုံးတွေကို အများမြင်မယ့်နေရာမှာ ချရေးပြထားတာဟာ ကာယကံရှင်ကို ဘယ်လောက်တောင် ထိခိုက်စေမလဲ။ ယုံကြည်မှုတွေကို ပျက်ပြားစေမလဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အပြောခံရတဲ့သူဟာ အသိပညာဗဟုသုတနဲ့ ကြွယ်ဝတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းတဲ့သူဖြစ်နေတာကြောင့် ပြန်လည်တုံ့ပြန်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထူမတ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာသန်စွမ်းမှုအားနည်းတဲ့ မိန်းကလေးတစ်ယောက်၊ အားပေးမယ့်သူမရှိတဲ့ မိန်းကလေးတစ်ယောက်၊ အမြင်မကျယ်သေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးမသွားနိုင်ဘူးလား။

ကိုယ်အမှုမဲ့အမှတ်မဲ့ပေးလိုက်တဲ့ comment လေးတစ်ခုဟာ၊ body shaming လုပ်လိုက်တာဟာ အကြမ်းဖက်မှုမြောက်နေတယ်ဆိုရင် ဆက်လုပ်နေမှာလား။ သူတစ်ပါးရဲ့ ယုံကြည်ချက်တွေကို ထိခိုက်ပြီး စိတ်ဒဏ်ရာရစေတယ်ဆိုရင်ကော အနုတ်သဘောဆောင်တဲ့ comment တွေပေးနေမှာလား။ သင်ကော လုပ်တဲ့သူတွေထဲမှာပါလား။