ရုပ်ချောသူတွေသာ သိနိုင်မယ့် ဒုက္ခလေးတွေ…။

blank

၁။ မပြင်မဆင်ဘဲနေရင်တောင် အများအကြားမှာ ထင်းခနဲလှနေတဲ့ ဒုက္ခ။

၂။ နည်းနည်းလေးပြင်လိုက်ရုံနဲ့ မတရားတွေ လှသွားတဲ့ဒုက္ခ။

၃။ ရည်းစားရှိတယ်ထင်ပြီး ဘယ်သူမှ လာမကြိုက်တဲ့ ဒုက္ခ။

၎။ ရုပ်ထွက်ကောင်းနေတာကြောင့် မွဲနေတယ်လို့ပြောလည်း မယုံကြတဲ့ ဒုက္ခ။

၅။ ခင်မင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဒုက္ခ။

၆။ ဘာဝတ်ဝတ် ကြည့်ကောင်းနေပြီး ဘာအရောင်ဝတ်ဝတ် လှနေတဲ့ ဒုက္ခ။

၇။ နဂိုရုပ်ခံလှနေတာကို “ပဲတွေများထားတယ်။ ဘယ်သွားမလို့လဲ” လို့ ခဏခဏအမေးခံရတဲ့ ဒုက္ခ။

၈။ ကျောင်းရဲ့ ပွဲတွေမှန်သမျှတွေမှာ ထိပ်ဆုံးက ပါဝင်ရပြီး အဝတ်အစားဖိုး ကုန်တဲ့ ဒုက္ခ။

၉။ ရုပ်နဲ့မလိုက်အောင် ညံ့လိုက်တာလို့ အပြောခံရလွန်းလို့ စာညံ့ခွင့်၊ အပျင်းခွင့်မရှိတဲ့ ဒုက္ခ။

အဲ့ဒီဒုက္ခတွေကို တွေ့ကြုံနေရလို့ စိတ်ညစ်နေလား စာချစ်သူရေ…။

သင့်ဆီမှာကော ဘယ်လိုဒုက္ခလေးတွေရှိနေလဲ။ ဝေမျှပေးခဲ့ပါဦး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။