ခါးသီးတဲ့အမှန်တရားကို သိလိုက်ရတဲ့အချိန်….

blank

ကိုယ့်ဘယ်လိုလူလဲဆိုတာကို သိတာ၊ ကိုယ်ဘာတွေလိုချင်တယ်၊ ကိုယ်ဘာတွေနဲ့ ထိုက်တန်လဲ ဆိုတာတွေကို သိလာပြီး ကိုယ့်ကိုယ်ကိုယ် ဈေးကျစေမယ့်အလုပ်တွေကို မလုပ်တော့တဲ့အချိန်

ကိုယ့်နှလုံးသားကို ဘယ်လိုထိန်းသိမ်းရမလဲ မသိတဲ့လူတစ်ယောက်နောက်ကို တကောက်ကောက်လိုက်ပြီး ခံစားချက်တွေကို ပုံအောပေးနေတတ်တဲ့ ရက်စက်မှုမျိုးကို ရှောင်ရှားလာတဲ့အချိန်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းဆိုတာ အခြားအချစ်တွေထက် အရေးကြီးတယ်ဆိုတာကို နားလည်လာတဲ့အချိန်၊ ဘယ်သူမှ ကိုယ့်ကိုမရွေးချယ်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် နှစ်ခြိုက်စွာ ရွေးချယ်တတ်တဲ့အချိန်။

ကိုယ့်အပေါ် တကယ်မြတ်နိုးတာမဟုတ်ဘဲ စမ်းကြည့်မယ်ဆိုတဲ့သဘောနဲ့ နှလုံးသားတံခါးကိုလာခေါက်တဲ့သူတွေ၊

ကိုယ့်ကိုပိုင်ဆိုင်ထားခြင်းဟာ ကံကောင်းမှုတစ်ခုလို့ မယူဆတဲ့သူတွေ

ကိုယ်ပိုင်ဆိုင်ချင်တဲ့ တန်ဖိုးထားမှုတွေကို မပေးနိုင်တဲ့သူတွေ

ကိုယ်ဘယ်လိုချစ်ခြင်းတရားမျိုးကို လိုချင်လဲ၊ ကိုယ့်ရဲ့ပုံစံအစစ်အမှန်က ဘာလဲဆိုတာကို သိဖို့ မကြိုးစားတဲ့သူတွေ

ကိုယ့်ကိုဆုံးရှုံးရမှာကို မကြောက်တဲ့သူတွေကို ကျောခိုင်းထွက်ခွာသွားနိုင်တဲ့အချိန်။

သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံအရ ခါးသီးတဲ့ အမှန်တရားတွေကို ဘယ်အချိန်မှာ သိခဲ့ရလဲ။ မျှဝေပေးပါဦးနော်။