သင့်ကိုအမြဲတမ်းမေးခွန်းတွေထုတ်နေတဲ့လောကကြီးကို သင်ကပြန်ပြီးမေးခွန်းထုတ်လိုက်ပါ။

blank

လောကကြီးမှာလေ…..လူတွေက…

အပျို၊ လူပျိုအဖြစ်နေနေရင် ဘယ်တော့အိမ်ထောင်ပြုမလဲမေးကြတယ်။

အိမ်ထောင်ပြုပြီးသွားရင် ဘယ်တော့ကလေးယူမလဲ မေးကြတယ်။

ကလေးတစ်ယောက်ရပြီးရင် နောက်တစ်ယောက်မယူသေးဘူးလားမေးကြတယ်။

ယောက်ျားလေးနှစ်ယောက်မွေးထားရင် မိန်းကလေးမယူသေးဘူးလားမေးကြတယ်။

မိန်းကလေးတွေချည်းမွေးထားရင် ယောက်ျားလေးမယူသေးဘူးလား မေးကြတယ်။

လောကကြီးက သင့်ကိုမေးခွန်းတွေမေးနေတာ များနေပြီ…။ သင့်အနေနဲ့…။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဘယ်တော့အိမ်ထောင်ပြုမလဲ အမေးခံရတဲ့အခါ….

ကိုယ်နဲ့မထိုက်တန်တဲ့သူတစ်ယောက်နဲ့ အိမ်ထောင်ကျသွားလို့ ဒုက္ခရောက်သွားတဲ့အခါ သူတို့ဘာတွေ ကူညီပေးမှာလား လို့ ပြန်မေးကြည့်ပါ။

ကလေးနှစ်ယောက်ကို ထိန်းဖို့ မနိုင်မနင်းဖြစ်နေလာတဲ့အခါ၊ ငွေကြေးကြပ်တည်းလာတဲ့အခါ ကူညီပေးမှာလားလို့ ပြန်မေးကြည့်ပါ။

ကလေးတွေအတွက် ပညာရေးတွေလုပ်ပေးဖို့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ သူတို့ဘာလုပ်ပေးမှာလဲလို့ ပြန်မေးကြည့်ပါ။

သင့်ရဲ့ဘဝဟာ သင့်ရဲ့ရွေးချယ်မှုပါ။ လောကကြီးကမေးတဲ့မေးခွန်းတွေကြောင့် ကိုယ့်ရဲ့ရပ်တည်မှုအတွက် သံသယမဖြစ်ပါစေနဲ့။ သင့်ရပ်တည်ချက်တွေ မယိမ်းယိုင်ပါစေနဲ့။ သင်အဆင်သင့်ဖြစ်တဲ့အချိန်၊ သင်ဆန္ဒရှိတဲ့အချိန်မှာ သင့်ဘဝအတွက် ရွေးချယ်မှုတွေကို ပြုလုပ်ပါ။ သင့်ဘဝကို သင့်ရွေးချယ်မှုနဲ့ရှင်သန်ပါ။ သင့်ဘဝအကြောင်း စပ်စပ်စုစုလာမေးကြရင်တော့ ပြန်မေးလိုက်ပါ

      “သိပ်ကိုအားနေလား” လို့။