သင့်အရည်အချင်းတွေကို ကန့်သတ်ထားတဲ့သူဟာ ဘယ်သူလဲ။

blank

တစ်နေ့မှာတော့ ဝန်ထမ်းအားလုံး အလုပ်လာတဲ့အချိန် ရုံးတံခါးအဝင်ဝမှာ ကပ်ထားတဲ့ စာရွက်အကြီးကြီးတစ်စောင်ကို တွေ့လိုက်ပါတယ်။

အဲ့ဒီစာတစ်စောင်မှာ ဘာရေးထားလဲဆိုတော့

“ ဒီကုမ္ပဏီရဲ့တိုးတက်မှုကို ရပ်တန့်အောင် လုပ်လိုက်တဲ့သူဟာ မနေ့တုန်းက ကွယ်လွန်သွားတဲ့အတွက် ဒီနေ့ အသုဘရဲ့ဈာပနကို တက်ရောက်ဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်။ ”

စာကို ဖတ်ပြီးသွားတာနဲ့ သူတို့လုပ်ဖော်ကိုင်ဖက်တစ်ဦးသေဆုံးသွားတာမို့ ဝမ်းနည်းသွားပါတယ်။ ဒါပေမဲ့ တစ်ဆက်တည်း ပြန်တွေးမိတာက ဒီကုမ္ပဏီရဲ့တိုးတက်မှုကို ရပ်တန့်အောင်လုပ်သူဟာ ဘယ်သူလဲဆိုပြီး အားလုံးက စပ်စုလိုစိတ်တွေနဲ့ ပိုသိချင်လာကြတာမို့ သူဘယ်သူလဲဆိုတဲ့စိတ်နဲ့ ရုံးခန်းထဲမှာ ထည့်ထားတဲ့ ခေါင်းတလားထဲကို အကုန်လုံးက ဝိုင်းအုံပြီး ကြည့်ကြတယ်။

ဒါပေမဲ့ အဲ့ဒီခေါင်းတလားထဲမှာ သေဆုံးနေတဲ့လူကို မတွေ့ရဘဲ မှန်တစ်ချပ်ကိုသာ မြင်လိုက်ကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အားလုံးက စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘာလို့လဲဆိုတော့ ခေါင်းတလားထဲက မှန်ထဲမှာ ဝန်ထမ်းတွေအကုန်လုံးက သူတို့ရုပ်ပုံကို သူတို့ ပြန်မြင်လိုက်လို့ပါပဲ။

သူတို့တွေ အကုန်လုံးက မှန်ရဲ့ ဘေးမှာ ရေးထားတဲ့စာတစ်ကြောင်းကို အသံထွက်ရင်း ဖတ်လိုက်ကြတယ်။

“ သင့်ရဲ့ အရည်အချင်းတွေတိုးတက်နိုင်စွမ်းကို ကန့်သတ်ထားတဲ့လူတစ်ဦးဟာ ဘယ်သူမှမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပါပဲ။ သင့်ဘဝမှာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်တာကလည်း သင်ပါပဲ ”  တဲ့။

စာလေးက အဲ့လိုရေးထားပါတယ်။

ဒီစကားလုံးတွေဟာ သိပ်မှန်ပါတယ်။

သင့်ရဲ့ သူဌေး၊ သူငယ်ချင်း ဒါမှမဟုတ် သင်အလုပ်လုပ်နေတဲ့နေရာ၊ ပတ်ဝန်းကျင်တွေနဲ့ အရာရာတိုင်းဟာ ပြောင်းလဲချင် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်ကိုယ်သင် မပြောင်းလဲသေးသရွေ့တော့ သင်က ပြောင်းလဲမှာ မဟုတ်ပါဘူး။

သင်အခုလုပ်နိုင်စွမ်းတွေထက် ပိုပြီးတော့ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ အရည်အချင်းတွေရှိတာကို သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ကိုယ်သင် ကန့်သတ်ထားတာတွေကို ချိုးဖျက်ပြီး သင့်ဘဝကို တိုးတက်လာအောင် ပြောင်းလဲသင့်ပါပြီ။

ဘဝမှာ ကွဲပြားခြားနားမှုနဲ့ ပြောင်းလဲမှုတွေ အများကြီးရှိတာမို့ သင်ရင်ဆိုင်ပါ။

ဥပမာပြောရမယ်ဆိုရင် ကြက်ဥတစ်လုံးဟာ အပြင်ကနေ ခွဲလိုက်ရင် အဲ့ဒီကြက်ဥဘဝဟာအဆုံးသတ်သွားပါတယ်။ ဒါပေမဲ့ ကြက်ဥဟာ အထဲကနေ ခွဲထွက်လာရင်တော့ ကြက်ကလေးတစ်ကောင်ထွက်လာပြီး ကြက်ကလေးရဲ့ဘဝစတင်တဲ့သဘောပါပဲ။

အကောင်းဆုံးပြောင်းလဲမှုတွေဆိုတာ အတွင်းထဲကနေ လာပါတယ်။

ဒါကြောင့် သင့်ကိုယ်သင် ပြောင်းလဲဖို့ သင့်စိတ်အတွင်းထဲကနေ စတင်ပြောင်းလဲသင့်ပါပြီ။