ပြောင်းလဲရဲတဲ့သတ္တိမရှိဘဲ ပြောင်းလဲချင်တယ်လို့ မပြောပါနဲ့။

blank

အပြောင်းအလဲဆိုတဲ့စကားကို လူတိုင်းကြားဖူးနေကြပေမဲ့ အပြောင်းအလဲတိုင်းကိုတော့ လူတိုင်း မကြို ဆိုချင်ကြပါဘူး။ အထူးသဖြင့် စွန့်စားမှုနဲ့ရင်းနှီးရမယ့်ပြောင်းလဲခြင်းမျိုးကိုလူတွေပိုပြီး ကြောက်ကြပါတယ်။ “ ထိုင်နေရင်အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ” ဆိုသလို လက်ရှိအနေအထားပျက်စီးထိခိုက်သွားမှာကို လူ အများစုက စိတ်ပူကြပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ့်လက်ရှိနေရာက သိပ်အဆင်ပြေကြီးမဟုတ်တာ တောင် လက်မလွှတ်ရဲဘဲ ပေကပ်ပြီး ဖက်တွယ်ထားနေကြတာပါ။ ဘဝတစ်ခုတိုးတက်ပြောင်းလဲဖို့အတွက် တော့ အဲ့ဒီလိုမပြောင်းလဲရဲတဲ့စိတ်ဟာ အကြီးမားဆုံးရန်သူပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

  • ငါ ဒီထက်ပိုအဆင်ပြေတဲ့အလုပ်ကိုတော့ ရချင်ပါတယ်။ ဒါပေမဲ့ အခုအလုပ်ကို လက်လွှတ်လိုက်ရမှာ စိုးတယ်။
  • သူနဲ့ငါ အဆင်မပြေဘူး။ ဒါပေမဲ့ နောက်တစ်ယောက်ရှာရင်လည်း သူ့ထက်ပိုဆိုးတဲ့သူတွေ့မှာစိုးလို့ မရှာတော့ပါဘူး။ ဒီတိုင်းပဲ သည်းခံနေလိုက်ပါတော့မယ်။
  • ဒီနေရာက ငါ့အတွက် တိုးတက်မှုဘယ်တော့မှ မရှိနိုင်တာတော့သိတယ်။ ဒါပေမဲ့ နောက်ထပ်နေရာ အသစ်ကလည်း အောင်မြင်မယ်လို့ ဘယ်သူက အာမခံလို့လဲ။

အဲ့ဒီလိုစကားမျိုး သင့်ပတ်ဝန်းကျင်မှာ မကြာခဏကြားဖူးမှာပါ။ သင်ကိုယ်တိုင်လည်း ပြောခဲ့ဖူးကောင်း ပြောခဲ့ဖူးမှာပါ။ မပြောင်းလဲရဲတဲ့စိတ်ဟာ ပြောင်းလဲမှုအတွက်တော့ အကြီးမားဆုံးအဟန့်အတားပါပဲ။ အဲ့ဒီအ ဟန့်အတားကို အရင်ချိုးဖျက်နိုင်မှ သင်လိုချင်တဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

သင်ကော ပြောင်းလဲရဲတဲ့သတ္တိတွေ ပိုင်ဆိုင်ထားပြီလား။