စောင့်စရာမလိုတဲ့အချစ် သင့်ကိုယ်သင်ပေးပါ။

blank

ကျွန်မတို့ရဲ့နေ့ရက်တွေဟာ စောင့်ဆိုင်းခြင်းတွေနဲ့ ပြည့်နေကြပါတယ်။

တစ်နေရာရာသွားဖို့ဆိုရင် ဘတ်စ်ကားစောင့်ရတယ်။

ချိန်းဆိုထားတဲ့အခါတိုင်း တစ်ယောက်ယောက်ကို စောင့်ရတယ်။

ပျော်ရွှင်တဲ့အချိန်တွေရောက်ဖို့ စိတ်ညစ်စရာတွေကြားက အားတင်းစောင့်ရတယ်။

ချစ်တဲ့သူတွေဆီက အချစ်တွေ၊ ဂရုစိုက်မှုတွေရဖို့လည်း သူတို့ဘက်က လိုလိုလားလားပေးလာမယ့် အ ချိန်ကို စောင့်ဆိုင်းရပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အခုအချိန်ဟာ တစ်သက်လုံးစောင့်ဆိုင်းရမှုတွေနဲ့ စိတ်ကော၊ ကိုယ်ပါပင်ပန်းနွမ်းနယ်နေတဲ့ သင့်အ တွက် စောင့်စရာမလိုတဲ့ အကောင်းဆုံးအချစ်တစ်ခုကို ပေးရမယ့်အချိန်ပါ။ အဲ့ဒီအချစ်ကတော့ သင့်ကိုယ်သင် ချစ်တဲ့အချစ်ပါပဲ။ အဲ့ဒီအချစ်ကသာ သင့်အတွက် အစစ်မှန်ဆုံးနဲ့ ဘယ်တော့မှလည်း ပြောင်းလဲသွားမှာမဟုတ် တဲ့ အချစ်လည်းဖြစ်ပါတယ်။

သင်ကော စောင့်ဆိုင်းရခြင်းတွေကြား စိတ်ပန်းလူပန်းဖြစ်နေတဲ့ သင့်ကိုယ်သင် အချစ်တွေ ပေးထားပြီ လား။