“ အမှန်တရား ”

blank

ချစ်ခြင်းနဲ့ ပတ်သက်လာရင်လည်း အမှန်တရားက ဒီလိုရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်မြတ်နိုးတတ်တဲ့သူကမှသာ သူတစ်ပါးကို ချစ်တဲ့စိတ်မွေးမြူနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သင့်ကိုယ်သင်မချစ်တတ်ဘူးဆိုရင် သူတစ်ပါးကို ချစ်ဖို့ဆိုတာ ပိုခဲယဉ်းမှာ အသေအချာပါပဲ။ သင့်ဆီမှာအချစ်ရှိမှ အခြားလူကိုပေးလို့ရမှာမဟုတ်လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လာရင်လည်း အမှန်တရားက ဒီလိုရှိပါတယ်။

အချိန်တွေမရင်းနှီးဘဲ၊ ဘာမှ ကြိုးစားအားထုတ်ခြင်းမပြုဘဲနဲ့ အကျိုးအမြတ်နဲ့ အောင်မြင်မှုရချင်သူတွေကို အမှန်တရားက ဘက်မလိုက်ပါဘူး။ သူတို့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့အရာကိုပဲ  သူတို့ပြန်ရကြပါတယ်။ တစ်ရာဖိုးကြိုးစားရင် တစ်ရာဖိုးပဲရမယ်ဆိုတာ သိထားပါ။

အမှန်တရားရဲ့တန်ဖိုးဟာ ခါးသီးသလိုလိုနဲ့ တကယ်တော့ချိုမြိန်ပါတယ်။ လူကောင်းလူတော်တွေက အမှန်တရားကို မြတ်နိုးကြတယ်။ ဒါပေမဲ့ အမှန်တရားနဲ့ မထိုက်တန်တဲ့သူတွေကတော့ သူ့တန်ဖိုးကို မသိကြပါဘူး။

ကျွန်မတို့ ဘဝမှာ တန်ဖိုးမထားတဲ့သူတွေကို အချိန်ပေးနေဖို့ မလိုပါဘူး။ အဲ့ဒါဟာလည်း အမှန်တရားပါပဲ။

ကျွန်မတို့ အတိတ်တွေက ကျန်ခဲ့ပြီ။ လက်ရှိနဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ခရီးဆက်ရပါမယ်။ အဲ့ဒါလည်း အမှန်တရားပါပဲ။