ကဲ့ရဲ့သံတွေကို နားစွင့်ပြီး စိတ်ဓာတ်ကျနေတဲ့အခါတိုင်းဖတ်ဖို့…

blank

ပတ်ဝန်းကျင်ဆိုတာ တစ်ခါတလေကျရင် သိပ်ကိုခက်တယ်။ ကိုယ်ကတော့ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ရင်းအခြားလူတွေကို ဂရုစိုက်ဖို့မအားပေမယ့် ကိုယ့်ကိုမျက်စိဒေါက်ထောက်ပြီး ကြည့်နေဝေဖန်နေတာက တစ်ခါတလေစိတ်ဓာတ်ကျဖို့တောင်ကောင်းတယ်မဟုတ်လား။ တစ်ခါတလေမမှားလိုက်နဲ့ ကိုယ့်ရဲ့အမှားတွေကို ထိုးနှက်ပြီး ကဲ့ရဲ့ကြတော့တာပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီအခါမျိုးမှာ မင်းမှတ်ထားရမှာက လူတစ်ယောက်ဟာအခြားလူတစ်ယောက်အကြောင်းကို အကြာကြီးစိတ်မဝင်စားနိုင်ဘူးဆိုတာပါပဲ။ “ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်လို့လည်း ပြောကြတယ်မဟုတ်လား။ သူများကိုကဲ့ရဲ့ဝေဖန်နေတဲ့သူဟာ ကဲ့ရဲ့သံတွေကြားမှာပဲ နေခဲ့ရလိမ့်မယ်။ မင်းက သူတို့ရဲ့ ကဲ့ရဲ့သံတွေကို နားစွင့်ပြီး စိတ်ဓာတ်ကျတဲ့နေရာမှာပဲ နေခဲ့မှာလား။ သူတို့ကဲ့ရဲ့သံတွေကို လျစ်လျူရှုပြီး  လုပ်စရာရှိတာကိုဆက်လုပ်မှာလဲဆိုတာကိုပဲတွေးပါ။