“ သင့်ကိုယ်သင်ချစ်တတ်လာစေဖို့အတွက် တစ်နေ့တစ်ကြိမ်လောက် ပြောပါ။ ”

blank

အချစ်ဆိုတာ…သိမ်မွေ့နူးညံ့သတဲ့…။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားချစ်မြတ်နိုးတတ်လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားကြည့်ရအောင်။

အရင်ဆုံး တင်းကြပ်နေတဲ့စိတ်တွေ အကုန်လုံးကို ဖြေလျှော့လိုက်မယ်။

ငါ့နှလုံးသားထဲကအချစ်တွေကို ငါ့ကိုယ်ခန္ဓာတစ်ခုလုံး ပျံ့နှံ့သွားအောင် အရင်ထုတ်လွှတ်လိုက်မယ်။

ငါ့ရင်ထဲမှာ ချစ်ခြင်းတရားတွေ၊  သနားကရုဏာစိတ်နဲ့ စာနာစိတ်တွေက အပြည့်ပါပဲ။ အမုန်းတရားဆိုတာ မရှိဘူး။  ကြည့်စမ်းပါဦး…ငါ့ရင်ထဲမှာ ကြင်နာမှုတရားတွေ စီးဆင်းနေတာကြောင့် နွေးထွေးနေလိုက်တာ။

ငါပိုင်ဆိုင်တဲ့အရာတွေအတွက်၊ ငါ့မှာရှိတဲ့အရာတွေအတွက် အကုန်လုံးကို ငါတန်ဖိုးထားတယ်။

ရှေ့ဆက်ရမယ့် ဘဝကြီးအတွက် ငါ့ကိုယ်ငါ ပိုတန်ဖိုးထားရမယ်။

ဤဆောင်ပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျန်ရှိနေတဲ့ဘဝသက်တမ်းအတွက် ငါ့ကိုယ်ငါ အချိန်ပေးရမယ်။

ငါ့အိပ်မက်တွေ တကယ်ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်။

အောင်မြင်မှုအတွက် ဟန့်တားမယ့်အကြောက်တရားတွေဆိုတာ ငါ့မှာမရှိဘူး။ ငါက အောင်မြင်မယ့်သူတစ်ယောက်ပါ။

ငါ့ကိုယ်ငါ ယုံကြည်ပါတယ်။

နေ့ရက်တိုင်းမှာ ငါရိုးသားရမယ်။

ဒီနေ့တစ်နေ့တာကိုလည်း ပျော်ရွှင်မှုနဲ့ပဲ ထပ်ဖြတ်သန်းမယ်။

ပြီးတော့ တိတ်ကအမှားတွေကို တွေးပြီး နောင်တရနေမယ့် အချိန်မရှိဘူး။ ငါ ရှေ့ဆက်ရမယ့် ဘဝအတွက်ပဲ အကောင်းဆုံးတွေးပြီး အကောင်းဆုံးလုပ်မယ်။ ခုချိန်ကစပြီး စိုးရိမ်ကြောင့်ကြမှုတွေကို ငါလွှတ်ချပစ်လိုက်ပြီ။ ဘဝမှာ ငြိမ်းချမ်းမှုတွေကို ငါက အဝေးကြီးမှာ လိုက်ရှာနေခဲ့တာ။ အခုတော့ ငါ့စိတ်ထဲမှာပဲ ရှိတယ်ဆိုတာ ငါသိလိုက်ရပြီ။

အကောင်းမြင်တဲ့စိတ်နဲ့ ငါရှေ့ဆက်မယ်။ ငါ့ဘဝ၊ ငါ့ဆုံးဖြတ်ချက်၊ ငါ့ဦးနှောက်နဲ့ ငါ့နှလုံးသားကို ငါပိုင်တယ်။

“I love myself ” ငါ့ကိုယ်ငါသိပ်ချစ်တယ်။

သင်ကော… သင့်ကိုယ်သင်ချစ်နေပြီလား။