သင်လိုချင်တဲ့အရာတွေကို ဒီနည်းလမ်းတွေနဲ့ အရယူလိုက်ပါ။

blank
၁။ စိတ်ဓာတ်တက်ကြွမှုအပေါ် အာရုံမစိုက်ပါနဲ့။ သင့်ကိုယ်သင်ပေးထားတဲ့ကတိအပေါ် အာရုံစိုက်ပါ။

ဘယ်လိုပန်းတိုင်မျိုးရယူဖို့ သင့်ကိုယ်သင်ကတိပေးထားလဲ။ အဲ့ဒါက သင့်အတွက် ဘယ်လောက်အရေး ပါလဲ။ သင့်ကိုယ်သင်ပေးထားတဲ့ကတိခိုင်မာလွန်းရင် စိတ်ဓာတ်တက်ကြွမှုကလည်း နောက်မှာ အလိုလိုပါလာ မှာပါ။

၂။ ရလဒ်ကို မရှာဖွေပါနဲ့။ ဗဟုသုတကို ရှာဖွေပါ။

စူးစမ်းလေ့လာမှု၊ တိုးတက်လိုမှုနဲ့ အတွေ့အကြုံရရှိဖို့တွေအပေါ် အာရုံစိုက်ထားရင် စိတ်အားထက် သန်မှုကလည်း အမြဲရှိနေမှာပါ။  ရလဒ်တစ်ခုတည်းအပေါ်ပဲ အာရုံစိုက်နေရင်တော့ သင့်စိတ်အားထက်သန်မှု ဆိုတာလည်း မုန်တိုင်းတွေ့တာနဲ့ပြောင်းလဲသွားတဲ့ ရာသီဥတုနဲ့ပဲတူနေတော့မှာပါ။

၃။ ပျော်စရာခရီးဖြစ်အောင် ဖန်တီးထားပါ။

သင့်ရည်ရွယ်ချက်က လေးလံလွန်းတယ်လို့ ခံယူလိုက်တာနဲ့ သင့်အပေါ်လည်း လေးလံတဲ့ စိတ်ခံစားမှု ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ရောက်ရှိလာတော့မှာပါပဲ။ ရည်ရွယ်ချက်ကြီးကြီးထားပါ။ ဒါပေမဲ့ ပျော်ရွှင်စွာကြိုးစားဖို့ လည်း ပြင်ဆင်ထားပါ။

၎။ ကြိုးစားမှုတွေရပ်စေမယ့်အတွေးတွေ ဖယ်ရှားပစ်ပါ။

အတွေးဆိုတာ ခံစားချက်တွေအပေါ် လွှမ်းမိုးပါတယ်။ ခံစားချက်တွေက သင့်အလုပ်အပေါ် သင်ဘယ် လိုရှုမြင်မလဲဆိုတာ ဆုံးဖြတ်ပေးပါတယ်။ သင့်ခေါင်းထဲမှာအတွေးတွေအများကြီးရှိပြီး ဘယ်အတွေးအပေါ် အာ ရုံစိုက်မလဲဆိုတာ သင်ရွေးချယ်ရမှာပါ။ သံသယနဲ့ကြောက်စိတ်တွေဖြစ်ပေါ်စေမယ့်အတွေးတွေအစား စိတ် တက်ကြွစေမယ့်၊ အသစ်တွေဆက်လက်သင်ယူလိုစိတ်ဖြစ်ပေါ်စေမယ့် အတွေးတွေသာတွေးပါ။

၅။ အကောင်းမြင်စိတ်မွေးပါ။

ကောင်းတာတွေကြုံတဲ့အခါမှ စိတ်စွမ်းအင်တွေပြည့်နေရမှာမဟုတ်ပါဘူး။ အခက်အခဲတွေကြုံတဲ့အခါ လည်း စွမ်းအင်တွေပြည့်နေအောင် ပိုဖြည့်တင်းသင့်ပါတယ်။ အဆိုးဆုံးအခြေအနေမှာတောင် ကောင်းတဲ့ သင် ခန်းစာလေးတွေ ထုတ်ယူတတ်တဲ့အကျင့်ကို ပြုလုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ ရလဒ်ကောင်းတွေပဲအမြဲလိုချင်နေတာကို ရပ်လိုက်ပါ။

စိတ်အားထက်သန်မှုက လုပ်ဆောင်မှုကို ဖြစ်စေပါတယ်။ လုပ်ဆောင်မှုက ရလဒ်တွေကို ယူဆောင်လာ ပေးပါတယ်။ တစ်ခါတလေကျတော့လည်း ကြိုးစားပေမဲ့ ကောင်းတဲ့ရလဒ်ဖြစ်မလာတာရှိပါတယ်။ ဒါကို လက်ခံ နိုင်ဖို့ ကြိုးစားပါ။ သင်ခန်းစာယူပြီး ဆက်ကြိုးစားတတ်တဲ့အကျင့်ကို မွေးမြူပါ။

၇။ အာရုံပျံ့လွင့်မှုတွေကို ဖယ်ရှားပစ်ပါ။

အဓိပ္ပာယ်မရှိတဲ့အရာတွေနဲ့ အာရုံပျံ့လွင့်မှုတွေဆိုတာကတော့ သင့်လမ်းကြောင်းပေါ် အမြဲရောက်လာ နေကြမှာပါပဲ။ အဲ့ဒီအရာတွေအပေါ် အာရုံစိုက်မယ့်အစား စိန်ခေါ်မှုအသစ်တွေ၊ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေအ ပေါ် အာရုံစိုက်လိုက်ပါ။

၈။ တခြားသူတွေအပေါ် မှီခိုနေတာရပ်ပါ။

သင့်လက်တွဲဖော်၊ သူငယ်ချင်း၊ သင့်ဘော့စ်အပါအဝင် တခြားသူတွေက သင့်အတွက် လုပ်ပေးမှာတွေ ကို ဘယ်တော့မှ မမျှော်လင့်သင့်ပါဘူး။ သူတို့မှာလည်း သူတို့ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ အလုပ်များနေကြပါ တယ်။ သင့်ပန်းတိုင်ကိုရရှိဖို့အတွက်၊ သင့်ပျော်ရွှင်မှုအတွက်လည်း သင်ကိုယ်တိုင်ပဲဖန်တီးနိုင်မယ်ဆိုတာ လက်ခံထားသင့်ပါတယ်။

၉။ အစီအစဉ်ချမှတ်ပါ။

ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ ခြေလှမ်းသုံးလှမ်းကို အစီအစဉ်ဆွဲထားပါ။ လုပ်ဆောင်ပြီးသွားတိုင်း သင့်အစီအစဉ်တွေ ဘယ်လောက်အလုပ်ဖြစ်လဲဆိုတာပြန်သုံးသပ်ပါ။

၁ဝ။ အားအင်ကုန်ခန်းသွားမယ့်အဖြစ်ကနေ သင့်ကိုယ်သင်ကာကွယ်ပါ။

အလွန်စိတ်အားထက်သန်နေချိန်မှာ အားအင်ကုန်ခန်းသွားဖို့က လွယ်ကူပါတယ်။ ဘယ်လိုပင်ပန်းမှု လက္ခဏာရပ်မျိုးကိုမဆို သတိထားမိအောင် သင့်ကိုယ်သင်ဂရုစိုက်ပါ။ အချိန်ယူပြီးနားပါ။ သင့်ရဲ့စိတ်ကော ကိုယ်ပါ အနားရစေမယ့် ပျော်စရာအချိန်လေးတွေကို သင့်အပတ်စဉ်အချိန်ဇယားထဲ ထည့်ထားပါ။

သင်ကော သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ပြီလား။