ကံတရားက မျက်နှာသာမပေးတဲ့အခါ

စိတ်ဓာတ်ကျခြင်းဟာ မျက်နှာပေါ်က အပြုံးတွေကို ပျောက်ဆုံးသွားနေစေနိုင်ရုံသာမက စိတ်နှလုံးကိုလည်းထိခိုက်စေတဲ့အတွက် စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပညာကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ စိတ်ဓာတ်ကျဆင်းမှု ထိန်းချုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အပြင်ထွက်ပါ။

        အိမ်ကနေ အလုပ်လုပ်တယ်ဆိုတာ ကောင်းတဲ့အရာပါ။ ဒါပေမဲ့ အိမ်မှာပဲ အခန်းအောင်းနေခြင်းက ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်စိတ်တွေ များပြားစေပြီး စိတ်ဓာတ်ကျဆင်းမှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ခဏတဖြုတ် အပြင်ထွက်ပြီး ကော်ဖီဆိုင်ထိုင်တာ၊ စာကြည့်တိုက်မှာ စာအုပ်သွားဖတ်တာတွေကို လုပ်ပါ။

၂။ ကိုယ် ကြိုးစားထားသလောက်ပဲ မျှော်လင့်ပါ။

ကိုယ်က အပြည့်အဝမလုပ်ဆောင်နိုင်ခဲ့တဲ့အချိန်မှာ ဘာလို့အကောင်းဆုံးကို မျှော်လင့်နေဦးမှာလဲ။ ကိုယ်က ၃ဝ ရာခိုင်နှုန်းပဲ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် ၃ဝ ရာခိုင်နှုန်းပဲ မျှော်လင့်ထားပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် သတ်မှတ်ချက်တွေ၊ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတာတွေ၊ ပန်းတိုင်တွေ ထားရှိပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ စိတ်ဓာတ်ကျဆင်းနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့နည်းလမ်းနှစ်မျိုးရှိပါတယ်။

ပထမတစ်နည်းကတော့ အရုပ်ခေါက်ခြင်းပါ။ အရုပ်ခေါက်ခြင်းဟာ စိတ်အာရုံထွေပြားတာတွေကနေ ရုန်းထွက်ပြီး အာရုံစူးစိုက်မှုတွေ ပြည့်ပြည့်ဝဝ ပြန်လည်ရရှိစေနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ စိတ်ခံစားချက်တွေကို အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းလေးတွေဖြစ်တဲ့ ဒိုင်ယာရီရေးခြင်း၊ ပန်းချီဆွဲခြင်း၊ တူရိယာပစ္စည်းတစ်ခုခု တီးခတ်ခြင်းပါပဲ။

ဒီနည်းလမ်းလေးတွေကို နေ့စဉ်လုပ်ပေးခြင်းအားဖြင့် စိတ်ဓာတ်ကို ပြန်လည်ကုစားပေးလိုက်နိုင်သလို စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်စေနိုင်မှာပါ။

၎။ ကိုယ့်ကို ဂရုစိုက်သူတွေအနားမှာ နေထိုင်ပါ။

မသေချာမရေရာမှုတွေ၊ စိတ်ပူပန်မှုတွေ၊ တုန်လှုပ်ခြောက်ခြားမှုတွေ၊ ရင်နာတာတွေ၊ အခက်အခဲတွေ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစူးစိုက်မိတတ်ကြပါတယ်။

ဒါပေမဲ့ စိတ်ဓာတ်ကျဆင်းနေချိန်မှာ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေအနားမှာရှိဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဂရုစိုက်မှုတွေကနေ ရရှိလာတဲ့ ခွန်အားတွေက အခက်အခဲတွေအားလုံးကို ရင်ဆိုင်ဖြေရှင်းသွားနိုင်စေမှာမလို့ပါ။

         သင့်မှာ အခက်အခဲတွေ ကြုံနေရတဲ့သူငယ်ချင်းရှိတယ်ဆိုရင် သူ့အတွက်ရှိနေပေးပါနော်။