သင့်မိသားစုရဲ့ကိုယ်ပိုင်အချိန်တွေနေရာမှာ ဖုန်းတွေအစားထိုးလိုက်ပြီလား။

blank

ညနေရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်ပါ။

အဖေက ရုံးကပြန်လာတယ်။ တစ်နေကုန်အလုပ်လုပ်ထားရလို့ အိပ်ရာပေါ်လှဲပြီး ဖုန်းပွတ်နေတယ်။ ဒီ နေ့ ဘာသတင်းတွေထူးလဲကြည့်တယ်။

အမေက မီးဖိုခန်းထဲမှာ ထမင်းအိုးတည်ထားရင်းနဲ့ ဖုန်းနှိပ်နေတယ်။ ဒီနေ့ သတင်းထူးတယ်။ ဟိုမင်း သမီးနှစ်ယောက် ရန်ဖြစ်နေကြတာ။ သူငယ်ချင်းတွေကလည်း link တွေပါ ချထားပေးတော့ တစ်ခါတည်း တန်း ဝင်ကြည့်ရုံပါပဲ။ မကြည့်လို့လည်း မရဘူးလေ။ သူငယ်ချင်းတွေလိုင်းပေါ်ဆုံတဲ့အခါ ကိုယ်က နောက်ဆုံးရသ တင်းတွေ မသိထားရင် သူများပြောတာပဲ ငေးနေရတော့မှာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သားကတော့ အိမ်ပြန်ရောက်တာနဲ့ ဂိမ်းဆော့တယ်။ သမီးက Youtube ကြည့်တယ်။

တစ်နေကုန်အလုပ်သွား၊ ကျောင်းသွားပြီး ခွဲခွာနေရတဲ့မိသားစုဟာ ညနေပြန်ဆုံချိန်မှာလည်း အတူတူ ရှိနေပေမဲ့ မျက်နှာချင်းမဆိုင်အားပါဘူး။ အတူတူစကားစမြည်ပြောချိန်မရှိပါဘူး။ ဟိုးအရင်ကရှိခဲ့ဖူးတဲ့ မိသားစု တရုန်းရုန်းနဲ့ပျော်ရတဲ့အချိန်တွေအစားဖုန်းတွေက နေရာယူသွားပါပြီ။

ဒီစာလေးကိုဖတ်နေတဲ့သင်ကော မိသားစုကို အချိန်ပေးဖြစ်ရဲ့လား။