ကြိုးစားမှုတွေက ကောက်ရိုးမီးလိုဖြစ်နေပြီလား။

blank

အသစ်တွေသင်ယူမယ်လို့ ဆုံးဖြတ်ချက်ချတယ်။ ဆုံးဖြတ်ချက်တွေကို အကောင်အထည်မဖော်တော့  ဘာမှဆက်ဖြစ်မလာဘူး။

အခုအချိန်ကစပြီး ကြိုးစားတော့မယ်လို့ ကြွေးကြော်တယ်။ ကြိုးစားမှုတွေနဲ့ ဆက်မလုပ်တော့ ဘာမှဆက်ဖြစ်မလာဘူး။

ဖေ့စ်ဘုတ်ပေါ်မှာ အောင်မြင်တိုးတက်ရေးစာတွေ SHARE တယ်။ လက်တွေ့အသုံးမချတော့ ဘာမှဆက်ဖြစ်မလာဘူး။

ဒီနေ့ကစပြီး ဘယ်လိုကြိုးစားမယ်၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုပြီး status တွေ တင်တယ်။ အပြောနဲ့တင်ပြီးသွားတော့ ဘာမှဆက်ဖြစ်မလာဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီလိုဖြစ်နေတယ်ဆိုရင် သင်ဟာ ကောက်ရိုးမီးလို စိတ်အားထက်သန်မှုတွေကို ပိုင်ဆိုင်နေပါတယ်။

အဲ့ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် သင်ကတစ်ဘဝလုံးကို စိတ်ကူးယဉ်နေရင်း၊ အစီအစဉ်တွေ ချမှတ်ရင်းနဲ့ပဲ ကုန်ဆုံးနေမှာဖြစ်သလို သင့်ဘဝကလည်း ဘာမှဆက်မဖြစ်တဲ့နေရာမှာပဲ တဝဲဝဲလည်နေရပါလိမ့်မယ်။

သင်က သင်သွားချင်တဲ့နေရာကို ရောက်အောင်သွားမှာလား။ ဘာမှဆက်မလုပ်ဘဲ ဘာမှဖြစ်မလာတဲ့ဘဝမှာ ဆက်မျောနေမှာလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ရွေးချယ်လိုက်ပါ။