တစ်ခုခုဆိုရင် အုပ်စုလိုက်အတင်းပြောကြတဲ့သူတွေထဲ သင်ကောတစ်ယောက်အပါအဝင်ဖြစ်နေပြီလား။

blank

အတင်းပြောတဲ့သူတွေဆိုတာကတော့ ခေတ်တိုင်း၊ နေရာတိုင်းမှာ ရှိတတ်ကြပါတယ်။ အိမ်မှာနေရင် အိမ်နီးချင်းရှိတယ်။ ကျောင်းမှာနေရင် အတန်းဖော်ရှိတယ်။ အဆောင်မှာနေရင် ဘေးအခန်းဖော်ရှိတယ်။ ဒါပေမဲ့ တစ်သက်လုံး ကာယကံရှင်မသိအောင်၊ မကြားအောင်ဘဲ တိုးတိုးတိတ်တိတ်ပြောလာကြတာပါ။

အခုနည်းပညာခေတ်မှာတော့ အတင်းပြောတဲ့စနစ်လည်း ပြောင်းလဲလာပါပြီ။ အရင်လိုမျိုး အိမ်လည်ပြီး တိုးတိုးလေးမပြောကြတော့ပါဘူး။ အွန်လိုင်းပေါ်တက်ပြီး တူရာတူရာလူစုပြီး အုပ်စုလိုက်ကြီးပြောကြတာပါ။ ဥပ မာ- ဆယ်လီနှစ်ယောက်ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ကိုယ်အားပေးရာဆယ်လီရဲ့ပို့စ်အောက်ဝင်ပြီး တစ်ဖက် ဆယ်လီအကြောင်းတွေကို နောက်ကြောင်းတွေပါအကုန်ဖော်ပြီး ပြောဆိုကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တစ်ဖက်ပို့စ်အောက်မှာ လည်း ထိုနည်းတူပါပဲ။ အပြင်မှာလည်း မတွေ့မမြင်ဖူးတဲ့အကောင့်တွေက ဝင်ရေးတာတွေကို အမှားအမှန် လည်း ကွဲကွဲပြားပြားမသိဘဲ ထင်မြင်ရာတွေမှတ်ချက်ပြုကြတော့တာမျိုးပါ။ မှားနေရင် တာဝန်ယူစရာမလိုသလို၊ အပြင်မှာတွေ့ပြီး မျက်နှာနာရမယ့်သူတွေလည်း မဟုတ်တဲ့အတွက် အတင်းပြောမှုပုံစံက အရင်ခေတ်ကထက် ပိုလွတ်လပ်ပြီး ပိုတွင်ကျယ်လာတာအမှန်ပါပဲ။ လူအများစုပြုလုပ်နေကြတဲ့အတွက် အတင်းပြောတာဟာ လူ တိုင်းကျင့်သုံးနိုင်တဲ့ သမားရိုးကျကိစ္စတစ်ခုလို ဖြစ်လာနေပါတယ်။

သင်ကော အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။ အကြောင်းအရာတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်အကြောင်းကို လူရာနဲ့ချီ၊ ထောင်နဲ့ချီစုပြီး ပြောလိုက်ခြင်းအားဖြင့် ဘယ်လိုရလဒ်တွေ ထွက် ပေါ်လာနိုင်တယ်လို့ ယူဆလဲ။

သင်ကိုယ်တိုင်ကော အုပ်စုလိုက်အတင်းပြောနေကြသူတွေထဲ မကြာခဏပါလေ့ရှိသူလား။