ဘဝမှာ လမ်းပျောက်နေသလို ခံစားရတဲ့အခါ ဖတ်ဖို့

blank

သင့်နှလုံးသားက သင့်ကိုဘာပြောလဲ။

သင်ဘာတွေကို ဝါသနာပါတာလဲ။

ဘယ်အလုပ်ကိုလုပ်နေတဲပအချိန်မှာ သင်စိတ်ချမ်းသာမှုကို ခံစားရတာလဲ။

ဘယ်လိုလူမျိုးကိုတွေ့တဲ့အခါ သင်စိတ်ဓာတ်တက်ကြွလာတတ်တာလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။

ဘယ်လောက်သေးငယ်တဲ့ကိစ္စဖြစ်ဖြစ် ကိုယ့်ကိုပျော်ရွှင်စေတယ်၊ ကိုယ်လုပ်ရတာ ကြိုက်တယ်ဆိုရင် အဲ့ဒါဟာ သင့်အနာဂတ်အတွက် လမ်းစတစ်ခုဖြစ်နိုင်ပါတယ်။

Timer ကို ငါးမိနစ်ထားပြီး စိတ်ထဲမှာပေါ်လာတဲ့အရာတွေမှန်သမျှကို ချရေးပါ။ အဲ့ဒါကို ဖတ်ကြည့်လိုက်တဲ့အခါ သင်စိုးရိမ်နေတဲ့အရာတွေကို တွေ့နိုင်သလို သင်ပျောက်နေတဲ့ပန်းတိုင်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ကိုယ့်ကိုအမှန်တကယ်နားလည်ပြီး ကိုယ့်အပေါ်စေတနာရှိတဲ့ လူတစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကိုယ်ကိုယ်တိုင်မမြင်နိုင်ဖြစ်နေတဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို မေးမြန်းပါ။ အပြန်အလှန်ဆွေးနွေးပါ။

စာများများဖတ်ပါ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်သွယ်ကြည့်ပါ။ ကျန်းမာရေးကိုလိုက်စားပါ။ မကောင်းတဲ့အကျင့်တွေကို တိုက်ဖျက်လာနိုင်တဲ့အခါ ကိုယ်သွားရမယ့် ပန်းတိုင်ဟာ ထင်သာမြင်သာရှိလာပါလိမ့်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။