အမှန်တရားဆီ ခေါ်ဆောင်သွားပေးနိုင်မယ့် အမှား

blank

အမှားတစ်ခုလုပ်မိလို့ ထပ်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ နေတော့မှာလား။ ဒါမှမဟုတ် အမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တိုးမလား။ အမှားတွေကို သင်ခန်းစာအဖြစ်ရှုမြင်ကြည့်တဲ့အခါ ဒီအမှားတွေကနေ အများကြီး သင်ယူလာနိုင်ကြပါတယ်။

အမှားတွေကို အမှန်ပြင်ပြီး ကိုယ့်ရဲ့အားသာချက်အဖြစ် ပြန်လည်အသုံးချလိုက်နိုင်ပြီဆိုရင်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။ ဘာတွေပဲဖြစ်လာလာ ရှေ့ဆက်တိုးပါ။ မှန်ကန်တဲ့ဆီကို ရောက်ရှိနိုင်ဖို့ဆိုတာ မှားယွင်းတဲ့လမ်းတွေကို သိထားမှဖြစ်မှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီနေ့ကနေစပြီး အမှားတွေကနေ သင်ယူလိုက်ပါ။ သင်လုပ်မိခဲ့တဲ့ အမှားတွေကို သင့်ကလေးတွေနဲ့လည်း မျှဝေကြည့်ပါ။ ဒီလိုမျှဝေခြင်းက သူတို့အမှားလုပ်မိတဲ့အခါကျရင်လည်း ဒီကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားရမယ်ဆိုတာ သိရှိစေမှာပါ။

စာချစ်သူတို့ကကော ကိုယ်လုပ်ခဲ့တဲ့အမှားတွေကနေ ဘယ်လိုသင်ခန်းစာတွေ ရလိုက်တယ်ဆိုတာ မျှဝေပေးသွားပါဦးနော်။