သင့်ဘဝမှာ စစ်မှန်တဲ့သူကိုသာနေရာပေးပါ။

သင့်ဘဝက ပင်ပန်းခက်ခဲနေချိန်မျိုးမှာ သင့်လက်ကို မြဲမြဲဆုပ်ကိုင်ထားပြီး မလွှတ်လိုက်မယ့်လူမျိုးကိုပဲ ရှာဖွေပါ။ သိပ်ရှားပါးပြီး တန်ဖိုးရှိတဲ့ လက်တစ်စုံမို့ပါ။

သင့်ဘဝက ကောင်းမွန်အဆင်ပြေလာတဲ့အချိန်မှာ သင့်အနားမှာနေပြီး အမြဲတမ်းကူညီပံ့ပိုးပေးသူကို ရှာဖွေပါ။ သိပ်ရှားပါးပြီး တန်ဖိုးရှိတဲ့ လက်တစ်စုံမို့ပါ။

ဘဝကြီးကို ကျော်ဖြတ်တဲ့အခါမှာ လောကဓံရှစ်ပါးဖြစ်တဲ့ ပျော်ရွှင်ခြင်းနဲ့  ဝမ်းနည်းခြင်း၊ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း၊ ချီးမွမ်းခံရခြင်းနဲ့ ကဲ့ရဲ့ခံရခြင်း၊  အခြွေအရံပေါများခြင်းနဲ့ နည်းပါးခြင်းတို့ကြားမှာ သင်ကိုယ်တိုင်လည်း နိမ့်တစ်လှည့်၊ မြင့်တစ်လှည့်နဲ့ ဆက်ပြီး ခရီးဆက်နေရဦးမှာပါ။

ဒါကြောင့်မို့ …

လူတိုင်းက သင့်ကို မေ့သွားနိုင်ပေမယ့် သင့်အပေါ် လုံးဝမမေ့နိုင်မယ့် လူတစ်ဦးကိုပဲ ရှာဖွေပါ။

သင့်အကျိုးကို လိုလားပြီး သင့်အောင်မြင်မှုကို မျှဝေခံစား၊ ဂုဏ်ပြုပေးမယ့် လူတစ်ဦးကိုပဲ ရှာဖွေပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ဘဝက မလွယ်ကူပေမဲ့၊ ပျော်စရာမဟုတ်ပေမဲ့၊ အဆင်မပြေပေမဲ့လည်း

သင့်အနားမှာ အမြဲရှိနေမယ့်သူတစ်ဦးကိုပဲ ရှာဖွေပါ။

ဒီလို လူမျိုးတွေကို ရှာတွေ့ဖို့ဆိုတာ ရတနာရှာဖွေရတာထက်တောင် ပိုပြီး ခက်ခဲပါသေးတယ်။

သင့်အတွက် အစစ်မှန်ဆုံးသော လူတစ်ဦးက ဘယ်သူလဲ…. သင်သိပြီလား။

အဲ့ဒီလူတွေဆိုတာ သင့်စိတ်ထဲကဖြစ်ပေါ်လာတဲ့ သင့်ရဲ့ကိုယ်ပွားတွေပါပဲ။ ဒါကြောင့် သင့်ကိုယ်သင်လက်တွဲခေါ်ပါ။

သင်ကိုယ်တိုင်ကသာ သင့်ဘဝရဲ့ အစစ်မှန်ဆုံးသောလက်တွဲဖော်တစ်ဦးပါ။