ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်ပြီး စိတ်ပျက်အားငယ်နေပြီဆိုရင်…။

blank

တစ်ခါတလေလူတွေဟာ အလုပ်ကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ မိသားစုကြောင့်၊ ချစ်သူကြောင့်စတဲ့ ပြင်ပအရေးကိစ္စတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ပြည့်စုံမှုမရှိဘူးဆိုပြီး အလိုမကျတွေဖြစ်နေတတ်ပါတယ်။ အဲ့ဒီအချိန်မျိုးမှာ….။

လူတိုင်းက ကိုယ့်ထက်သာနေသလို ခံစားနေရတာကြီးကို မေ့ပစ်လိုက်ပါ။ တကယ်တော့ လူသားချင်းအတူတူ ဘယ်သူမှပိုသာတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းဟာ ကိုယ်တန်ဖိုးထားတဲ့ ဘဝကို ကိုယ်တိုင်ပုံဖော်နေကြတာပါ။

ဆိုးရွားတဲ့အခြေအနေတွေကြုံတွေ့ရတဲ့အခါ လက်ရှိကိုယ်ရောက်နေတဲ့နေရာနဲ့ပတ်သက်ပြီး ဒွိဟဖြစ်မနေပါနဲ့။ သင်လျှောက်ချင်တဲ့လမ်းကို လျှောက်လှမ်းဖို့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ အများကြီးဖြတ်သန်းပြီးမှ သင့်ပန်းတိုင်ကို တစိုက်မတ်မတ်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ့်ဘဝကိုယ်နာကျည်းကြေကွဲနေတဲ့အခါ သတိရသင့်တာက နာကျင်မှုတွေဟာ ဘယ်တော့မှအကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။ သင့်ဘဝအောင်မြင်ဖို့သွားတဲ့ လမ်းတစ်လျှောက်က ခလုတ်ကန်သင်းတွေပဲဖြစ်တယ်ဆိုတာကို အောက်မေ့ပြီး နာကျင်စရာအဖြစ်အပျက်တွေကနေ သင်ခန်းစာယူဖို့ ကြိုးစားပါ။

လက်ရှိအခြေအနေကို ကြောင်းကျိုးဆီလျော်စွာ သုံးသပ်နိုင်အောင်ကြိုးစားပါ။ ပျော်ရွှင်မှုဆိုတာ ပစ္စုပ္ပန်အချိန်တွေကို အကောင်းဆုံးဖြတ်သန်းခြင်းက ရရှိလာတဲ့အရာဖြစ်ပါတယ်။ မဖြစ်သေးတဲ့အရာတွေကို ထိုင်ပြီးစိုးရိမ်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

သင်ကော ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့အခါ ဘယ်လိုစိတ်ထားမျိုးတွေကို မွေးမြူဖြစ်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦးနော်။