အပြင်မှာသင်ပြောသမျှ အရာအားလုံးကိုပါ Facebook က ကြားသိနေတယ်ဆိုတာ သင်သိပါသလား။

“ Search box မှာ ရိုက်ရှာမထားဘဲနဲ့ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းအကြောင်းကို ပါးစပ်ကပဲ ပြောမိပါတယ်။ နောက်ရက်ကျ တော့ ကိုယ့် timeline မှာ အဲ့ဒီပစ္စည်းကြော်ငြာတွေချည်းပဲ ” ဆိုတာတွေ။

“ကိုဗစ်ပြီးရင် သူငယ်ချင်းတွေစုပြီး ပုဂံ ခရီးထွက်ကြမယ်လို့ အပြင်မှာ တိုင်ပင်နေတုန်းရှိသေးတယ်။ နောက် ရက်ကစပြီး ပုဂံဟိုတယ်ကြော်ငြာတွေ၊ ခရီးသွားကုမ္ပဏီကြော်ငြာတွေ တန်းစီပေါ်လာတာတွေ စသဖြင့် အများကြီး ပြောလာကြပါပြီ။ ”

အဲ့ဒါတွေကြည့်ပြီးတွေးချင်စရာဖြစ်လာတာက ဖေ့စ်ဘုတ်ဟာ တကယ်ပဲ အပြင်ကပြောနေသ မျှတွေအားလုံးကိုပါ ကြားသိနေပြီလားဆိုတဲ့ အချက်ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါက မြန်မာတစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး။ ကမ္ဘာနဲ့အဝှမ်းက ဖေ့စ်ဘုတ်သုံးစွဲသူတိုင်းကြုံတွေ့နေရတဲ့ ကိစ္စပါ။

ဒါနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ် (Mark Zuckerberg) ကတော့ “ ကျွန်တော်တို့ဖေ့စ်ဘုတ်အနေနဲ့ သုံးစွဲသူတွေကိုယ်တိုင်ဖြည့်ထားတဲ့ စိတ်ဝင်စားမှု တွေအပေါ် မူတည်ပြီးတော့သာ ကြော်ငြာတွေကို ပြသတာပါ။ ပြီးတော့ သူတို့ကိုယ်တိုင်လက်ခံခွင့်ပြုပြီး accept လုပ်တဲ့အချိန်တွေမှာပဲ micro phone ကို အသုံးပြုတာပါ။ ကျန်တဲ့အချိန်တွေမှာတော့ ကာယကံရှင်မသိဘဲ ကိုယ်ရေးကိုယ်တာတွေကို နားထောင်တာ၊ ထောက်လှန်းနေတာမျိုးတွေ မလုပ်ပါဘူး” လို့ ငြင်းဆိုသွားပါတယ်။

ဒါပေမဲ့… ပါးစပ်ကပြောရုံနဲ့ ကိုယ့် timeline ပေါ် သက်ဆိုင်ရာကြော်ငြာတွေပေါ်လာနေတဲ့အဖြစ် အ ပျက်တွေကတော့ အများစုကြုံနေရဆဲဖြစ်ပါတယ်။

စာချစ်သူတို့ကော အဲ့ဒီလိုကြုံဖူးလား။ ဘာကြောင့်ဖြစ်တာလို့ ထင်ပါသလဲ။

ဖြစ်သင့်တယ်လို့ကော ထင်လား။