မိန်းကလေးတွေ ပြင်ဆင်ဝတ်စားကြတယ်ဆိုတိုင်း ယောက်ျားထုအတွက် ဟုတ်ရဲ့လား။

blank

မိန်းမသားတွေ လှလှပပ ကြွကြွရွရွ ပြင်ဆင်နေထိုင်ကြတာဟာ သူတို့သဘောကျဖို့အတွက်လို့ ယောက်ျားလေးတွေက ထင်နေတတ်ကြပါတယ်။

ကောင်လေးတွေရေ……

တကယ်တော့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ menstruation ကာလအရ၊ စိတ်အခြေအနေအရ၊ နေရာဒေသအရ၊ ရာသီဥတုအရ ဝတ်စားနေကြတာပါ။ ပြီးတော့ ကျွန်မတို့ရဲ့ အိတ်နဲ့၊ ဖိနပ်နဲ့၊ နှုတ်ခမ်းနီနဲ့ လိုက်ဖက်မယ့်အဝတ်အစားဖြစ်အောင်၊ ဝတ်ဆင်ထားတဲ့ အတွင်းခံနဲ့ သက်တောင့်သက်သာရှိမယ့် အဝတ်အစားဖြစ်အောင်လည်း ရွေးချယ်ရသေးတယ်လေ။ ရှင်တို့က အဲ့ဒီစာရင်းတွေထဲမှာတောင် မပါတာမို့ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်မနေဘဲ စိတ်အေးအေးသာ နေလိုက်ပါနော်။

စာချစ်သူတို့လှလှပပနေထိုင်တာကကော ကိုယ့်အတွက်လား၊ သူများအတွက်လား…