ဒီလိုကောင်မလေးအဖြစ် နေထိုင်ပါ။

blank
  • မနက်ခင်းမှာ အိပ်ရာထဲ ဇိမ်ယူအချိန်ဆွဲမနေဘဲ မျက်စိနှစ်လုံးပွင့်တာနဲ့ ထတတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • ဘယ်လောက်ပဲအလုပ်များနေပါစေ ဘုရားရှိခိုးဖို့အချိန်တော့ ရအောင်ယူတတ်တဲ့ ကောင်မလေး ဖြစ်ပါစေ။
  • မကောင်းမြင်ခြင်းတွေရဲ့ အဝေးမှာ နေထိုင်တတ်တဲ့ ကောင်မလေး ဖြစ်ပါစေ။
  • အခက်အခဲတွေရှိနေရင်တောင်မှ ကိုယ့်အိမ်ထောင်ရေးအတွက် အစွမ်းကုန် ကြိုးစားတတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • ရန်သူတွေကိုတောင်မှ ခွင့်လွှတ်တတ်တဲ့ကောင်မလေးဖြစ်ပါစေ။
  • အရှုံးတွေဘယ်လောက်ပဲ ကြုံရပါစေ၊ အားမလျော့တတ်တဲ့ကောင်မလေးဖြစ်ပါစေ။
  • လူတွေအားလုံးကိုချစ်ခင်တတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • အခြေအနေဆိုးတွေ ဘယ်လောက်ပဲ ကြုံကြုံ အကောင်းမြင်စိတ်ထားတတ်တဲ့ ကောင်မလေး ဖြစ်ပါစေ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ကိုယ့်စိတ်ကူးအိပ်မက်တွေပေါ်မှာ ယုံကြည်မှုထားတတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • အမျိုးသမီးအချင်းချင်း ဖေးမကူညီတတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • အမှားတွေကနေ သင်ခန်းစာယူတတ်တဲ့ကောင်မလေး ဖြစ်ပါစေ။
  • အမှားအယွင်းတွေလုပ်မိတဲ့အခါ ပြန်လည်တောင်းပန်တတ်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • သူမနှလုံးသားထဲမှာ ရှိတဲ့အတိုင်း မလိမ်မညာ မဖုံးကွယ်ဘဲ ပြောဆိုတတ်တဲ့ကောင်မလေးဖြစ်ပါစေ။
  • ကမ္ဘာကြီးကို ပြောင်းလဲမှုတွေယူဆောင်လာပေးနိုင်တဲ့ ကောင်မလေးဖြစ်ပါစေ။
  • ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်တဲ့ကောင်မလေးဖြစ်ပါစေ။

စာချစ်သူတို့ကော စိတ်အေးချမ်းရတဲ့ဘဝလေးပိုင်ဆိုင်ဖို့ ဘယ်အရာလေးတွေ လုပ်ဖြစ်တယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။