ကောင်မလေးတွေလုပ်တတ်တဲ့ အရက်စက်ဆုံးအရာတစ်ခု

ကိုယ်က ချစ်ခင်မြတ်နိုးလွန်းလှပါချည်ရဲ့ဆိုမှ Friendzone ထဲ ရောက်နေရတယ်ဆိုတာ တကယ်တော့ ဆိုးဝါးလွန်းပါတယ်။ ဒါဟာ ကောင်မလေးတွေ  လုပ်တတ်တဲ့ အရက်စက်ဆုံး၊ လူမဆန်ဆုံးအရာတစ်ခုပါ။ တချို့လူတွေအတွက် အချစ်ဟာ ဖွေရှာရလွယ်ကူတယ်ဆိုပေမယ့် တချို့အတွက်တော့ ခက်ခဲလွန်းပါတယ်။ ကိုယ်က ချစ်ပါတယ်ဆိုမှ သူငယ်ချင်းလိုပဲ ချစ်ပါတယ်ဆိုပြီး “Friendzone” ထဲအပို့ခံလိုက်ရတဲ့ ကောင်လေးတိုင်း သိရှိနားလည်နိုင်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်အပေါ် သူမက အခွင့်အရေးယူလွန်းတယ်လို့ ခံစားနေရပေမယ့် ကိုယ်က ချစ်နေတော့လည်း “အပြစ်မမြင်ရက်ဘူး ချစ်သူရယ်” ပေါ့။

၂။ သူမနဲ့ ပတ်သက်လာရင် ကိုယ့်သဘောကောင်းမှုတွေဟာ အတိုင်းအဆကိုမရှိဘူး။

၃။ သူမလိုအပ်ချိန်တိုင်း ကိုယ် အမြဲရှိနေခဲ့ပေမယ့် ကိုယ့်နာကျင်မှုတွေကိုတော့ သူမက နားလည်မပေးနိုင်ဘူး။

၎။ ကိုယ့်အချစ်တွေကို နားမလည်ရကောင်းလားဆိုပြီး မပတ်သက်ဘဲ နေနိုင်လောက်အောင်လည်း ကိုယ့်စိတ်က မပြတ်သားပြန်ဘူး။

၅။ ကိုယ့်အပေါ် သံယောဇဉ်ရှိပေမယ့် သူမရဲ့ သံယောဇဉ်တွေက ချစ်သူလိုမဟုတ်ပါဘူးလို့ သူမက အမြဲပြောနေမယ်။

၆။ ကိုယ်ဟာ သူမအတွက် လိုသုံးတစ်ယောက်သာသာပဲ။

၇။ ကိုယ့်အချစ်တွေကို တစ်လောကလုံးကတောင် သိမြင်နေပေမယ့် သူမကတော့ ရိပ်တောင် မရိပ်မိသလိုပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ တကယ်တော့ သူမအပေါ်မှာ ကိုယ့်ထက် ဘယ်သူကမှ အနွံတာခံ၊ မချစ်ခင်နိုင်ပါဘူး။ သူမ သဘောမပေါက်တာကလွဲရင်ပေါ့။

၉။ ယောက်ျားကောင်းတွေ့ဖို့ဆိုတာ အရမ်းခက်ခဲကြောင်း သူမ ပြောတဲ့အခါတိုင်း “ကိုယ်များ ကိုယ်ပျောက်နေပြီလား” လို့ တင်းနေမိမယ်။

၁ဝ။ ကိုယ်ကတော့ သူမတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ခင်နေတာပါ။ ဒါပေမဲ့ လူတိုင်းကတော့ ကိုယ့်ကို အရှုံးသမားတဲ့။

၁၁။ ထွက်ခွာသွားဖို့မကြာခဏဆုံးဖြတ်မိပေမယ့် ဒီဆုံးဖြတ်ချက်တွေဟာ တစ်ရက်ထက် ပိုမခံဘူး။

၁၂။ သူမကို ချစ်နေတယ်ဆိုတာ သူမ သိလား မသိလား ဝေခွဲမရဘူး။ သူမ တကယ်ပဲ မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား။ ဝေခွဲလို့ရတဲ့ နည်းလမ်းကော ရှိဦးမှာလား။

စာချစ်သူတို့ထဲမှာကော Friendzone ထဲရောက်နေကြတဲ့သူတွေရှိလား။