အချင်းချင်း အသက် ရှင်နေခိုက် တန်ဖိုးထားပါ။ သေမှမငိုပါနဲ့။

blank

ဘောလိဝုဒ်လောကမှာ ကြယ်တစ်ပွင့်ဖြစ်တဲ့ စူရှာ့န်စင်း ရာဂ်ျပူတ် (Sushant Singh Rajput) ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ သတင်းဟာအားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။ သူသေဆုံးသွားပြီးတဲ့နောက်မှာ အားလုံးကနှမျောတသသဖြစ်တဲ့အကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံက ထိပ်တန်းဆယ်လီကြီးတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကအစ သူ့ကိုနှမျောတယ်ဆိုတဲ့အကြောင်း၊ သူဟာ ဘယ်လောက်တောင်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ သူ့ကိုမြတ်နိုးရတဲ့အကြောင်းတွေကို တင်ခဲ့ကြတယ်။

စူရှာ့န်ဟာ ဘာ့ကြောင့်များကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တာပါလိမ့်။ သူ့ကိုအားလုံးက နှမျောတသဖြစ်မယ်၊ ချစ်ခင်မြတ်နိုးတယ်ဆိုတာကို သိခဲ့ရင် သူ့ကိုယ်သူသတ်သေပါ့မလား။ သူမသေဆုံးခင်ကသာ အခုစကားတွေကို နားထောင်ခွင့်ရခဲ့ရင် သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ တစ်နည်းတစ်ဖုံပြောင်းလဲသွားခဲ့လေမလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မတို့ဟာ ချစ်ခင်ရသူတွေကို နာကျင်စရာတစ်ခုခုပြောလိုက်ဖို့ ဝန်မလေးတတ်ကြပေမယ့် ချစ်တဲ့အကြောင်းတွေ၊ အားပေးစကာားတွေပြောဖို့တော့ ဘာကြောင့် တွန့်ဆုတ်နေတတ်ကြတာလဲ။ ကျွန်မတို့ရဲ့ဘေးနားကလူတွေမှာ ကျွန်မတို့မသိနိုင်တဲ့ နာကျင်ဝမ်းနည်းမှုတွေရှိနေပါတယ်။ ကျွန်မတို့ဘေးနားကလူတွေပျောက်ကွယ်သွားချိန်မှ နာကျင်ကြေကွဲနေမယ့်အစား ရှိနေတုန်းမှာ တန်ဖိုးထားလိုက်ရအောင်။ နွေးထွေးမှုတွေပေးလိုက်ရအောင်နော်။