ရုံးစဖွင့်ရက်မှာ ဖြစ်တတ်တဲ့ ပျင်းရိခြင်းတွေကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်စေဖို့…။

တနင်္လာနေ့မနက်ကို စောစောထပါ။

လေ့ကျင့်ခန်းလုပ်ပါ။ ရေအေးအေးလေးနဲ့ ရေချိုးပါ။ ကိုယ်နှစ်သက်တဲ့ အဝတ်အစားတွေ ဝတ်ပါ။ လှလှလေးပြင်ဆင်ပါ။

ရုံးမှာစားမယ့်နေ့လယ်စာကို ကိုယ်တိုင်ပြင်ဆင်ပါ။ ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီးချက်ပြုတ်ပါ။

အလုပ်အများကြီးလုပ်ဖို့ ကြိုးစားတာမျိုးရှောင်ပါ။ အလုပ်တစ်ခုတည်းကို အာရုံစိုက်ပြီးလုပ်၊ တစ်ခုပြီးတစ်ခုပြီးအောင်လုပ်တာက အာရုံစူးစိုက်မှုကိုကောင်းမွန်စေပြီး အလုပ်တွေကို ပိုပြီးပြီးမြောက်စေပါတယ်။ ပြီးမြောက်သွားတဲ့အလုပ်တွေကိုကြည့်ပြီး လူကလည်း တက်ကြွလာပြီပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ်လုပ်ရမယ့်အလုပ်တွေကို ချပြီးရေးထားပါ။ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တွေကိုလည်း ချမှတ်ထားပါ။ အဲ့ဒီလိုလုပ်ခြင်းဟာ ကိုယ့်ရဲ့စိတ်ကို တနင်္လာနေ့အတွက် အဆင်သင့်ဖြစ်စေပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်အတိုင်းပဲလုပ်ပါ။ ပျင်းဖို့ဆိုတာ အစီအစဉ်ထဲမှာမပါတော့ ပျင်းဖို့လည်း အချိန်မရှိတော့ပါဘူးလေ။

ကဲ… ရုံးပိတ်ရက်မှာ အားရပါးရနားပြီးသွားပြီဆိုတော့ ဒီနေ့ကို အားအပြည့်နဲ့ အလုပ်လုပ်လိုက်ကြရအောင်နော်။

Monday blue ကို အတူတူတိုက်ထုတ်ဖို့ သင့်သူငယ်ချင်းဖတ်ရဖို့လည်း ဝေမျှပေးလိုက်ပါဦးနော်။