သင်ဘယ်လောက်ပျော်ရွှင်လဲဆိုတာ သင့်ကိုယ်သင်ဘယ်လောက်လက်ခံနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။

blank

လောကကြီးမှာ လူတိုင်း ချောလှနေကြတာမဟုတ်ပါဘူး။ လူတိုင်းချမ်းသာကြွယ်ဝနေကြတာလည်း မ ဟုတ်ပါဘူး။ လူတိုင်းပညာတွေတတ်နေကြတာမဟုတ်ပါဘူး။ ပြီးပြည့်စုံနေကြတာမဟုတ်ပါဘူး။

အဲ့ဒီလိုပဲ ပျော်ရွှင်နေတဲ့သူတိုင်းကလည်း အဖက်ဖက်က ပြီးပြည့်စုံနေတဲ့သူတွေချည်းမဟုတ်ကြပါဘူး။ တစ်နည်းအားဖြင့် ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံမှုအပေါ် အခြေခံထားတဲ့အရာမဟုတ်ပါဘူး။ ဘယ်အခြေအနေ၊ အ ချိန်အခါရောက်ရောက် ကိုယ့်ကိုယ်ကိုယ်လက်ခံနိုင်စွမ်းအပေါ်မူတည်တာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အများအမြင်မှာ အဖက်ဖက်က ချို့ယွင်းအားနည်းချက်တွေရှိနေပေမဲ့ ပျော်ရွှင်နေတဲ့သူတွေ၊ အခက်အ ခဲတွေ အများကြီးရှိပေမဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကျော်လွှားနေတဲ့သူတွေကိုကြည့်လိုက်ရင် ပျော်ရွှင်မှုရဲ့ အ ဓိပ္ပာယ်က ပိုပေါ်လွင်နေပါတယ်။

ပြီးပြည့်စုံမှုဆိုတာ ဘယ်တော့မှမရှိနိုင်ပါဘူး။ ဘဝခရီးဆိုတာ အရှည်ကြီးဖြစ်တဲ့အတွက် လိုအပ်ချက် တွေကတော့ ဘဝမှာ တစ်ခုပြီး တစ်ခုရှိလာနေမှာပါပဲ။ ပြီးပြည့်စုံမှုနောက်ကိုလိုက်ရင်း အချိန်ကုန်နေမယ်ဆိုရင် ပျော်ရွှင်မှုကိုလည်း ဘယ်တော့မှ ရရှိမှာမဟုတ်ပါဘူး။
သင့်ကိုယ်သင်ချစ်တယ်ဆိုရင် သင့်ကိုယ်သင်အရှိအတိုင်းလက်ခံနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် ပျော်ရွှင်မှု ကလည်း နောက်ကလိုက်လာမှာပါ။

သင်ကော သင့်ကိုယ်သင်အရှိအတိုင်းလက်ခံနိုင်ပြီလား။