လူငယ်တွေကို ဖုန်းပေးသုံးတာကောင်းလား။

blank

မိတ္တူဆိုင်လေးတစ်ဆိုင်မှာ နယ်ကနေ အလုပ်လာလုပ်နေတဲ့ ဆယ်ကျော်သက် သာသာဝန်ထမ်း ကောင်လေးတစ်ယောက်ရှိပါတယ်။ ပညာတစ်ပိုင်းတစ်စနဲ့ကောင်လေးကို အလုပ်မှာ ပညာသင်ပေး၊ ထမင်း ကျွေးပြီး လစာလည်း ပေးထားပါတယ်။ မိဘတွေက မပြေလည်တော့ ရတဲ့လစာ အိမ်ကို အကုန်ပို့ရပါတယ်။ ကောင်လေးက လိမ္မာတော့ အလုပ်ရှင်က သံယောဇဉ်ဖြစ်ပြီး နှစ်အကုန်မှာ ဖုန်းတစ်လုံးဆုချလိုက်ပါတယ်။

အဲ့ဒီကတည်းက ကလေးဟာ စပြီး ဗွေဖောက်တော့တာပါပဲ။

အလုပ်ကို စိတ်မဝင်စားတော့ဘဲ နေ့မအိပ်၊ ညမအိပ်ဖုန်းပွတ်ပါတယ်။ ရတဲ့လစာကိုလည်း အရင်လို အိမ်ကိုအပြည့်မပေးနိုင်တော့ပါဘူး။ သူ့ဖုန်းဘေလ်ဖိုးက လစာတစ်ဝက်လောက်ဖြစ်လာပါတယ်။ အလုပ်မှာ ဝန်ထမ်းအချင်းချင်းစကားပြောရင်လည်း ဖေ့ဘုတ်ပေါ်က ရလာတဲ့ ဗန်းစကားတွေ၊ အဆဲအဆိုတွေသုံးလာ ပါတယ်။ ဖုန်းဝယ်ပြီး လေးငါးလအတွင်း နောက်တစ်ယောက်လိုကို ပြောင်းလဲသွားတာပါ။ ပိုင်ရှင်က သူ့ကို ဆူရင်လည်း ကွယ်ရာမှာ “ အခုခေတ်က အလုပ်ရှင်ကိုလည်း ကြောက် စရာ မလိုဘူး။ သူတို့က ငါတို့ကို ပြန်ကြောက်ရမယ့်ခေတ်ကွ။ ဖေ့ဘုတ်ပေါ်တင်လိုက်ရင် သူတို့နာမည်ပျက်ပြီ” လို့ ဝန်ထမ်းအချင်းချင်းပြောပါ တယ်။ ပြီးတော့ ရည်းစားတွေထားပါတယ်။ ဆိုင်ကို သူ့ဆိုင်လို့ပြောထားတော့ ကောင်မလေးတွေက ခဏခဏ လာရှာကြတယ်။ သူ့လစာကလည်း အိမ်ကို လုံးဝမရောက်တဲ့လတွေမျိုးတောင် ရှိလာတော့ သူ့မိဘတွေက တိုင် ပါတယ်။ အလုပ်ရှင်က ဆုံးမတော့လည်း မနာခံပါဘူး။ ပမာမခန့်ပြန်ကြည့်တာ၊ စကားနားမထောင်တာ၊ အလုပ် ကို ပြီးပြီးရောလုပ်တာတွေနဲ့ နောက်တစ်ခါမဆူရဲအောင် ဆန္ဒပြပါတယ်။ နောက်ဆုံးတော့ ကိုယ့်လက်ထဲမှာ ဒီထက်ပိုပြီး မပျက်စီးခင် ကလေးကို ၂လစာလျော်ကြေးနဲ့ အလုပ်နားခိုင်းပြီး အိမ်ပြန်ပို့လိုက်ရပါတယ်။

ဆယ်ကျော်သက်အရွယ်နဲ့ဖုန်းအသုံးပြုခြင်းရဲ့နောက်ဆက်တွဲဖြစ်ရပ်မှန်တွေထဲက တစ်ခုပါ။ ဆယ် ကျော်သက်အရွယ်တွေကို ဖုန်းပေးသုံးတိုင်းကောင်းလားဆိုတာလည်း စဉ်းစားစရာပါ။

စာချစ်သူတို့ကော ဘယ်လိုမြင်ကြလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။