Sex Education  သင်ပေးလိုက်ရင် အတတ်ကောင်းတွေ တတ်ကုန်မယ်လို့ စဉ်းစားနေတယ်ဆိုရင်..။

ပြေးပြီးချော်လဲမှာစိုးရိမ်ပြီး ငယ်ငယ်တုန်းက လမ်းလျှောက်တာမသင်ပေးဘဲနေခဲ့သလား။

ကြမ်းတမ်းတဲ့စကားတွေပြောမှာစိုးရိမ်ပြီး စကားပြောတာ သင်မပေးဘဲနေခဲ့သလား။

အဆိပ်သင့်တဲ့စာတွေဖတ်မှာစိုးရိမ်ပြီး စာရေးစာဖတ်တတ်အောင် သင်မပေးဘဲနေခဲ့သလား။

မတော်တဆမှုဖြစ်မှာစိုးရိမ်ပြီး စက်ဘီးစီးတတ်အောင် သင်မပေးဘဲနေခဲ့သလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင့်ကလေးကိုဘေးကင်းစွာလမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။

စကားကိုယဉ်ကျေးလိမ္မာစွာပြောတတ်အောင် ဆုံးမပေးခဲ့တယ်။

အကောင်းအဆိုးအကြောင်းအကျိုးကို ပိုင်းခြားတတ်အောင် ပညာအမွေပေးခဲ့တယ်။

စက်ဘီးကိုဘေးကင်းစွာသွားတတ်အောင် စက်ဘီးစီးသင်ပေးခဲ့တာပဲ မဟုတ်လား။

ပြီးတော့ သင့်ကလေးတွေကို သင်ကိုယ်တိုင်သင်ပေးပြီးတတ်တဲ့အရာနဲ့ သင်သင်မပေးဘဲ တတ်မြောက်သွားတဲ့အရာတွေအကြောင်းစဉ်းစားကြည့်ပါ။ သင့်ကလေးမှာ သင်သင်မပေးလိုက်ဘဲ တတ်မြောက်သွားတဲ့အရာတွေ မရှိဘူးလား။ သင်မပြောပြတဲ့အရာတွေကို သင့်ကလေးတွေက မတတ်မြောက်တော့ဘူးလား။ Sex Education ကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ သင်ကလေးသိအောင် သင်ကသင်ပေးမှာလား။ သူတို့ပါသူတို့အပြင်ကနေ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သိသွားတဲ့ အချိန်ကို ထိုင်စောင့်နေမှာလား။