ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ချင်စိတ်ဖြစ်နေတယ်ဆိုရင်…

blank

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်မှ လွတ်မြောက်တော့မယ်လို့ ခံစားနေရတယ်ဆိုရင် ဒီစာလေးကို ငါးမိနစ်လောက်အချိန်ယူပြီးဖတ်ပေးပါ။

မင်းရဲ့ခံစားချက်တွေကို ကိုယ်နားလည်ပါတယ်။ မင်းလည်းပဲလောကကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်မှာပဲလေ။ ဒါပေမဲ့ ဝမ်းနည်းစရာ၊ နာကျင်စရာ၊ စိတ်ဓာတ်ကျစရာတွေ ကြုံနေရတာက မင်းတစ်ယောက်တည်းမဟုတ်ပါဘူးနော်။ လောကမှာ စိတ်ကျတာတွေ၊ နာကျင်စရာတွေကြုံနေရတဲ့သူတွေရှိသလို၊ ကျော်လွှားနိုင်တဲ့သူတွေလည်း ရှိတယ်ဆိုတာကို မှတ်ထားပါ။ ဘယ်လောက်ပဲ နာကျင်စရာတွေများပါစေ။ ဘဝအတွက် မျှော်လင့်ချက်တစ်ခုတော့ရှိပါတယ်။ မင်းကရှာဖွေတတ်ဖို့ပဲလိုတာပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မင်းမရှိတော့ရင် မင်းကိုချစ်မြတ်နိုးတဲ့သူတွေဘယ်လို ခံစားရမလဲ။ မင်းမရှိတော့တဲ့နောက်မှာ လူတွေအများကြီးဝမ်းနည်းကြေကွဲလိမ့်မယ်။ အဲ့ဒါတောင်မှ မင်းကမင်းအသက်ကို တန်ဖိုးမထားတော့ဘူးလား။ စိတ်ညစ်နေတယ်ဆိုရင်တောင် ဒီစာလေးကိုဖတ်မိတဲ့အချိန်ကစပြီး မင်းကိုယ်မင်းမျှောလင့်ချက်တစ်ခုကို ရှာဖွေပေးပါ။ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ခံစားချက်တွေဖွင့်ပြောပြပါ။ မျှဝေပါ။ အကူအညီရယူပါ။ လိုအပ်တဲ့ ကုသမှုတွေခံယူပါ။

မင်းရဲ့ခံစားချက်တိုင်းကိုနားလည်တဲ့…။

ဂန္ထဝင်