လူအများစုမှာ ငွေချေးငှားမှုနဲ့ပတ်သက်ပြီး အလိမ်ခံရဖူးတဲ့အတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်က အတွေ့ အကြုံတွေ ရှိဖူးကြမှာပါ။ အခုခေတ်ကြီးမှာဆို အပြင်မှာချေးငှားရုံတင်မကဘဲ အွန်လိုင်းပေါ်မှာပဲ မြင်ဖူးတဲ့သူ တွေကိုပါ ယုံယုံကြည်ကြည်ချေးငှားလာကြတာတွေကိုတွေ့ ရပါတယ်။
ရှေ့မှာလည်း ချေးငှားပေးပြီး ပြန်မဆပ်လို့ ဖြစ်ကြပျက်ကြတဲ့ ပြဿနာပေါင်းများစွာကို တွေ့မြင်ဖူးတာ တောင်၊ တချို့ဆို ကိုယ်တိုင်လည်း ကြုံဖူးတာတောင်မှ ထပ်ချေးငှားနေကြပါသေးတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် ငွေကြေးနဲ့ပတ်သက်ပြီး လူတွေဘာကြောင့် အယုံလွယ်ကြတာလဲလို့ တွေးစရာပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
တကယ်တမ်းကျတော့ ယုံကြည်မှုလို့ခေါင်းစဉ်တပ်ထားတဲ့နောက်မှာ လောဘရှိနေပါတယ်။ ချေးငှား ပေးလိုက်တဲ့ ငွေပမာဏဆုံးရှုံးနိုင်စွမ်းအပေါ် စိတ်ပူတာထက် ပြန်ရမယ့်အကျိုးအမြတ်ကိုပဲ ပိုမြင်တဲ့အခါ ကိုယ့် အိတ်ထဲကငွေကို ရက်ရက်ရောရောစိုက်ထုတ်လိုက်ကြတော့တာပါပဲ။ ကိုယ်မျှော်မှန်းထားတဲ့ အကျိုးအမြတ် မရတဲ့အခါ ကိုယ့်ပိုက်ဆံပါဆုံးရှုံးသွားကြရတာပါ။ ဒါကြောင့် လောဘကသာ တရားခံလို့ ဆိုချင်ပါတယ်။
သင်ကော ငွေကြေးနဲ့ပတ်သက်ရင် လူတွေဘာကြောင့် အယုံလွယ်ကြတာလို့ထင်လဲ။